Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဇေကမ္ဘာဝင်းရှိ ADK(JW)စက်ရုံအလုပ်သမားဆန္ဒပြမှု ညှိနှိုင်းမှု အဆင်မပြေသေး

အလုပ်ဆင်းချိန် ဆန္ဒပြအလုပ်သမားများနှင့် IWFM တို့ဆွေးနွေးမှုအရ အလုပ်သမားများတောင်းဆိုသည့် အချက်များကို စက်ရုံဘက်မှ လိုက်လျောလာသည်အထိ မနက်ဖြန်(ဇူလိုင် ၈)တွင်လည်း ဆက်လက်ဆန္ဒပြတောင်းဆိုဖွယ်ရှိနိုင်ကြောင်း ဒေါ်ခိုင်ဇာအောင်က ပြောသည်။

ADK(JW)စက်ရုံအလုပ်သမားများ
ADK(JW)စက်ရုံအလုပ်သမားများ

ရန်ကုန်မြို့ မင်္ဂလာဒုံမြိုနယ် ဇေကမ္ဘာဝင်းရှိ ADK အထည်ချုပ်စက်ရုံလက်ခွဲတစ်ခုဖြစ်သည့် JW စက်ရုံမှ အလုပ်သမားများက လုပ်အားခအပါအဝင် ၎င်းတို့အခွင့်အရေးများအား ယ နေ့ (ဇူလိုင် ၇)ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း အဆိုပါစက်ရုံအလုပ်သမားများထံမှ သတင်းရရှိသည်။

အလုပ်သမားများ၏ တောင်းဆိုချက်များတွင် စနေနေ့တွင် ပုံမှန်အလုပ်ချိန် ညနေ ၄ နာရီအထိသာ သတ်မှတ်ပေးရန်၊ တနဂ်နွေနေ့အား အစား ထိုးအလုပ်ဆင်းရက် ခေါ်ယူခြင်းမပြုရန်နှင့် အ ကယ်၍ခေါ်ယူခဲ့ပါက လုပ်အားခများကို လက် ငင်းရှင်းပေးရန်၊ ကျွမ်းကျင်ကြေးနှင့် ရက်မှန်ကြေးများပေးအပ်ရန် စသည့်အချက်များအား တောင်းဆိုခဲ့ကြောင်း ဆန္ဒပြအလုပ်သမားများက ပြောသည်။

အဆိုပါ စက်ရုံတွင်း ဆန္ဒပြမှုကြောင့် စစ်ကောင် စီတပ်မှ ရဲနှင့်စစ်သား အချို့စက်ရုံသို့ရောက်ရှိလာပြီး နှစ်ဖက်ညှိနှိုင်းရန် ပြောဆိုခဲ့ရာ စက်ရုံတာဝန်ရှိသူများက အလုပ်သမားများ၏ တောင်းဆိုချက်ကိုမလိုက်ရောသဖြင့် ယနေ့ (ဇူလိုင် ၇)ညနေအလုပ်ဆင်းချိန်အထိ ညှိနှိုင်းမှုအဆင်မပြေခဲ့ကြောင်း သိရသည်။

“ဒီနေ့အဖို့တော့ အလုပ်သမားတွေက ပြန်သွားကြပြီ။ အဆောင်တွေ ပြန်ရောက်ကုန်ပြီ။ ပြောမယ်ဆို ညှိနှိုင်းမှုက ဘာမှမထူးသေးဘူး။ မနက်ဖြန်(ဇူလိုင် ၈)ဆက်ပြီးညှိနှိုင်းရမယ့်အခြေအနေရှိပါတယ်”ဟု ဆန္ဒပြအလုပ်သမားများအား ကူညီပေးနေသည့် မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ်(IWFM)ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က ပြော သည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေတွင် ADK လက်အောက်ခံ JW စက်ရုံမှ လုပ်သက်ရင့်အလုပ်သမားများအချို့က အခွင့်အရေးချိုးဖောက်ခံရသည့်အခြေအနေများကို အလုပ်သမားရုံးထံတိုင် ကြားဖူးခဲ့ရာ ထိုသို့တိုင်ကြားသူများကို စက်ရုံမှ အလုပ်ဖြုတ်ပစ်သည့် သာဓကများလည်းရှိနေကြောင်း ၎င်းက ရှင်းပြသည်။

အလုပ်ဆင်းချိန် ဆန္ဒပြအလုပ်သမားများနှင့် IWFM တို့ဆွေးနွေးမှုအရ အလုပ်သမားများတောင်းဆိုသည့် အချက်များကို စက်ရုံဘက်မှ လိုက်လျောလာသည်အထိ မနက်ဖြန်(ဇူလိုင် ၈)တွင်လည်း ဆက်လက်ဆန္ဒပြတောင်းဆိုဖွယ်ရှိနိုင်ကြောင်း ဒေါ်ခိုင်ဇာအောင်က ပြောသည်။

ADK(JW)စက်ရုံအလုပ်သမားများ
ADK(JW)စက်ရုံအလုပ်သမားများ

ဆန္ဒပြတောင်းဆိုမှုဖြစ်ပေါ်နေသည့်ADK(JW)စက်ရုံတွင် အလုပ်သမား ၂,၀၀၀ ကျော်ရှိပြီး ဂျာမနီနိုင်ငံမှမှာယူထားသော CRIVIT အမှတ်တံဆိပ်များအား ချုပ်လုပ်နေခြင်းဖြစ်သောကြောင့် ဂျာမနီမှ ကုန်အမှတ်တံဆိပ်ပိုင်ကုမ္ပဏီထံ ဆက်သွယ်၍ အလုပ် သမားအခွင့်အရေးချိုးဖောက်ခံနေရာမှုအပေါ် IWFM မှ အသိပေးအကြောင်းသွားမည်ဟု ဆိုသည်။

လက်ရှိတွင် ADK(JW)စက်ရုံအလုပ်သမားများမှာ ပုံမှန်ထက် အချိန်ပိုများ ဆင်းပေးနေရခြင်း၊ နေ့စဥ်အထည်စံချိန်ပိုးပေးရခြင်း၊ ခွင့်ရက်များကို တစ်လလျှင် သုံးရက်ထက်ပိုခံစားခွင့်မရခြင်း စသည့်အခြေအနေများနှင့် ရင်ဆိုင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စက်ရုံအလုပ်ရှင်က လုပ်သားနစ်နာကြေးအပြည့်အဝဖြေရှင်းမပေး၍ စက်ရုံလုပ်သားများက စုဝေးဆောင်းဆိုမှု ယမန်နေ့ညက ပြုလုပ်ခဲ့ကြသည်။

နိုင်ငံတကာ

၂၀၂၂ ခုနှစ်တုန်းက ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ ကင်ညာနိုင်ငံမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အနည်းနဲ့အများ ခံစားဖူးကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

ပိတ်မိနေသူတွေ အပြင်ပြန်ရောက်ချိန် ဥမင်ပေါက်ရှေ့မှာ စုဝေးနေတဲ့ မိသားစုတွေ၊ မိတ်ဆွေတွေက မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး အောင်ပွဲခံခဲ့ကြသလို အချိုမုန့်တွေကိုလည်း ကောင်းမှုမင်္ဂလာ အထိမ်းအမှတ် တစ်ခုအနေနဲ့ လိုက်လံ ပေးဝေခဲ့ပါတယ်။

နိုင်ငံတကာ

အမျိုးသားဟာ မျက်နှာနဲ့ ရင်ဘတ်မှာ ဆိုးဆိုးရွားရွား ပိမိတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံကို တင်ပို့ခဲ့ပေမယ့် ကွယ်လွန်သွားခဲ့ကြောင်း ယွန်ဟပ် သတင်းဌာနက ဖော်ပြပါတယ်။