Connect with us

Hi, what are you looking for?

သတင်း

စစ်ပြေးနေရတဲ့ဒေသခံတွေရဲ့အိမ်တွေကို ဖျက်ဆီးတာ၊ ဖောက်ပြီး ပစ္စည်းယူတာတွေ ဖြစ်နေ

ဒီလိုထွက်ပြေးတိမ်းရှောင်နေရသူတွေထဲက တပ်ကုန်းကျေးရွာက ပြည်သူတစ်ဦးရဲ့ ဆိုင်ထဲကို စစ်ကောင်စီတပ်က ဖောက်ထွင်းဖျက်ဆီးကာ ဆိုင်အတွင်းရှိ ငွေကျပ်(၁၇)သိန်းတန် ကွန်ပျူတာတစ်လုံး၊ ဖိနပ်အရံ(၁၀၀)နဲ့ ငွေသားကျပ်(၂)သိန်းကိုပါ သိမ်းယူသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိတာပါ။

KNU
KNU

ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ မူး(မုန်း)မြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်က ဖောက်ထွင်းဖျက်ဆီးပြီး ပစ္စည်းသိမ်းယူတာတွေ ရှိခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်ကစပြီး ကေအဲန်ယူ-မူး(မုန်း)မြို့နယ်ရဲ့ စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ စစ်ကောင်စီတပ်ရဲ့ တပ်စခန်း(၅)ခု တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ထောက်လှမ်းတာတွေကြောင့် ဒေသခံပြည်သူတွေဟာ ကြောက်လန့်ပြီး ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီလိုထွက်ပြေးတိမ်းရှောင်နေရသူတွေထဲက တပ်ကုန်းကျေးရွာက ပြည်သူတစ်ဦးရဲ့ ဆိုင်ထဲကို စစ်ကောင်စီတပ်က ဖောက်ထွင်းဖျက်ဆီးကာ ဆိုင်အတွင်းရှိ ငွေကျပ်(၁၇)သိန်းတန် ကွန်ပျူတာတစ်လုံး၊ ဖိနပ်အရံ(၁၀၀)နဲ့ ငွေသားကျပ်(၂)သိန်းကိုပါ သိမ်းယူသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိတာပါ။

အဆိုပါဖြစ်ရပ်မျိုးဟာ ကျေးရွာတိုင်းလိုလိုမှာဖြစ်ပွားလျက်ရှိပြီး လက်ရှိမှာ တိမ်းရှောင်နေရတဲ့ ကျေးရွာတွေမှာ လူမရှိတော့တဲ့အတွက် နေအိမ်၊ ဆိုင်တွေကို စစ်ကောင်စီတပ်က လိုက်လံဖောက်ထွင်းဖျက်ဆီးပြီး ဒေသခံပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူခဲ့တာကြောင့် တဖက်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ကြားက ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးသိမ်းယူခံရတဲ့အတွက် ပြည်သူတွေမှာ ကြီးမားတဲ့အခက်အခဲတွေနဲ့ ကြုံတွေ့နေလျက်ရှိတယ်လို့ ကေအဲန်ယူရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်အစပ် KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မဘိမ်းမြို့နယ်အတွင်းတိုက်ပွဲ တွေဖြစ်လာနိုင်တာကြောင့်တပါတ်အတွင်း ဒေသခံပြည်သူတွေရှောင်တိမ်းကြဖို့ကချင်လွတ်လပ်ရေးတပ်မတော်( KIA)က သတိပေးထားတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုး မီးလောင်ဗုံးတွေသုံး မီးရှို့နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။