Connect with us

Hi, what are you looking for?

သတင်း

စစ်ဘေးရှောင်တွေကို ကရင်အရပ်ဘက်အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေး

မူး(မုန်း)မြို့နယ်နဲ့ လယ်ဒို(ကျောက်ကြီး)မြို့နယ်တို့ရဲ့ စီမံအုပ်ချုပ်မှုနယ်မြေအတွင်းမှာ စစ်ကောင်စီတပ်က တပ်အင်အားတိုးချဲ့မှုနဲ့အတူ တိုက်ပွဲတွေပြင်းထန်လျက်ရှိတဲ့အတွက် တဖက်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ကျေးရွာထဲကိုပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

စစ်ဘေးရှောင်တွေကို ကရင်အရပ်ဘက်အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေး
စစ်ဘေးရှောင်တွေကို ကရင်အရပ်ဘက်အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေး

ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မူးနဲ့ လယ်ဒိုမြို့နယ်အတွင်းရှိ တိမ်းရှောင်နေရသူတွေကို ဇူလိုင် ၅ ရက်က ဒေသခံကရင်အရပ်ဘက်လူမှုရေးရာအဖွဲ့နဲ့ ကေအဲန်ယူ-မူးမြို့နယ် ကျန်းမာရေးကော်မတီတို့က စားနပ်ရိက္ခာအချို့နဲ့ ဆေးဝါးစတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့ကြတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

မူး(မုန်း)မြို့နယ်နဲ့ လယ်ဒို(ကျောက်ကြီး)မြို့နယ်တို့ရဲ့ စီမံအုပ်ချုပ်မှုနယ်မြေအတွင်းမှာ စစ်ကောင်စီတပ်က တပ်အင်အားတိုးချဲ့မှုနဲ့အတူ တိုက်ပွဲတွေပြင်းထန်လျက်ရှိတဲ့အတွက် တဖက်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ကျေးရွာထဲကိုပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

တိမ်းရှောင်ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူလူထုအများစုဟာ အမျိုးသမီး၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဖြစ်ကြပြီး လက်ရှိမှာ စားနပ်ရိက္ခာပြသနာနဲ့ မိုးရာသီကာလဖြစ်တာကြောင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲပြသနာတွေ ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကေအဲန်ယူ-မူးမြို့နယ်နဲ့ လယ်ဒိုမြို့နယ်အတွင်းက ဒေသခံပြည်သူတွေကို ဒေသခံကရင်အရပ်ဘက်လူမှုရေးရာအဖွဲ့နဲ့ မူးမြို့နယ် ကျန်းမာရေးကော်မတီတို့က သွားရောက်ပြီး စားနပ်ရိက္ခာအချို့နဲ့ လိုအပ်တဲ့ဆေးဝါးစတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပြုလုပ်ပေခဲ့တာလို့ ကေအဲန်ယူက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပါဝင်ကူညီလှူဒါန်းပေးကြတဲ့ လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းတွေအားလုံးကိုဖြစ်စေ ကျေးဇူးအထူးတင်ရှိပါကြောင်း ကေအဲန်ယူ-မူးမြို့နယ် ကျန်းမာရေးကော်မတီအဖွဲ့က တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။