Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်နယ် မဲဇာရဲစခန်းကို KIA ၊ PDF ပူး ပေါင်းတပ်ဝင်တိုက်၊ စစ်ကောင်စီတပ်မှ ၃၀​ကျော်​သေဆုံး

“ဒီနေ့ အင်းတော်မှာ ပွဲစည်သွားတယ်။ စစ်ကောင်စီဘက်က တော်တော်အထိနာသွားတယ်။ ဆေးရုံကားတွေ တဝီဝီနဲ့ ခွေးပြေးဝက်ပြေး ပြေးနေကြတာ တွေ့တယ်”ဟု အင်း​တော်​ဒေသခံတစ်ဦးကလည်း​ပြောသည်။

(အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နှင့် တိုက်ပွဲအတွင်း ဆီဘောင်ဆာကားမီးလောင်နေသည့် မြင်ကွင်းဖြစ်သည်။ ဓါတ်ပုံ-အင်း​တော်PDF ၊ IR)
(အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နှင့် တိုက်ပွဲအတွင်း ဆီဘောင်ဆာကားမီးလောင်နေသည့် မြင်ကွင်းဖြစ်သည်။ ဓါတ်ပုံ-အင်း​တော်PDF ၊ IR)

●စစ်ကူလာသည့်ယာဥ်တစ်စီးကိုပါ ကြားဖြတ်တိုက်ခိုက်ခဲ့

အင်းတော်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ မဲဇာနယ်မြေရဲစခန်းအား KIA ၊ PDF ပူးပေါင်းတပ်များက ယနေ့(ဇူလိုင် ၁၀)နံနက်အ​စောပိုင်းတွင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကူလာ​သောစစ်သားနှင့်ပျူများကိုပါတိုက်ခိုက်ရာ ၃၀ ​ကျော်​သေဆုံးကြောင်းအင်း​တော်PDFတပ်ဖွဲ့ဝင်အချို့နှင့် အင်းတော်တော်လှန်ရေးအင်အားစု(IR)က​ပြောသည်။

မဲဇာနယ်​မြေရဲစခန်ယတိုက်ခိုက်မှုကို KIA နှင့် ကသာခရိုင်တပ်ရင်း(၂)အင်းတော် ဒေသကာကွယ်ရေးပူးပေါင်းတပ်များကယနေ့မနက် ၃နာရီခန့်တွင် မဲဇာရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၃၀ ဦးခန့်သေဆုံးကြောင်း IRကဖော်ပြသည်။

Indaw Revolution-IRသည် အင်းတော်ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ရေး စာမျက်နှာ ဖြစ်သည်။

(အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နှင့် တိုက်ပွဲအတွင်း ဆီဘောင်ဆာကားမီးလောင်နေသည့် မြင်ကွင်းဖြစ်သည်။ ဓါတ်ပုံ-အင်း​တော်PDF ၊ IR)
(အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နှင့် တိုက်ပွဲအတွင်း ဆီဘောင်ဆာကားမီးလောင်နေသည့် မြင်ကွင်းဖြစ်သည်။ ဓါတ်ပုံ-အင်း​တော်PDF ၊ IR)

“စခန်းတော့မသိမ်းလိုက်နိုင်ဘူး။ကျွန်တော်တို့ ထောက်လှမ်းမှုသတင်းအရ ရဲစခန်းမှာ မှန်းထားတာထက် အင်အားက သုံးဆလောက်များနေတာ။ရန်သူက တပ်ဖျောက်ထားတာလည်းပါတယ်။စုစုပေါင်းစခအင်အားက၁၀၀ကျော်လောက်ရှိနေတာ။ဒါပေမယ့်သူတို့ဘက်ကအသေအပျောက်ကထောက်ပို့လေယာဥ်နဲ့တောင်လာသယ်ရတယ်။သေတဲ့ထဲမှာ ဗိုလ်ကြီးအဆင့်ရှိသူပါတယ်”ဟု အင်းတော်PDFတပ်ဖွဲဝင်တစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

IR Team မှ တော် လှန်ရေးရဲဘော်တစ်ဦးကလည်း”ရည်ရွယ်ချက်ကတော့ စခန်းသိမ်းဖို့ပဲ။ စခန်းထဲမှာအင်အား ၂၀၊ ၃၀ လောက်ပဲရှိတယ်ထင်တာ။ နောက်တော့ တိုက်ရင်းတိုက်ရင်းနဲ့ သူတို့က ကင်းပုန်းတွေဝပ်နေတာအများကြီးပဲ။ အင် အား ၁၀၀ လောက်ရှိနေတယ်။ ဝန်းသို၊ နမ်းခမ်းဘက်ကပျူစောထီးတွေရောပဲ။ စခန်းထဲထည့်ပြီး တပ်ဖျောက်ထားတာ”ဟု တိုက်ပွဲအ​တွေ့အကြုံကိုပြောသည်။

ထို့ကြောင့် မဲဇာရဲစခန်းအား စခန်းသိမ်းနိုင်သည့်အခြေအနေမရောက်ခဲ့ကြောင်း၊တိုက်ပွဲအတွင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး မဲဇာစခန်းအနီးနေအိမ်တစ်အိမ်မှ ၁၉ နှစ်အရွယ်ယောကျ်ားလေးတစ်ဦးမှာ တိုက်ပွဲဖြစ်ပွားသည်ကိုထွက်ကြည့်စဥ် ကျည်ထိမှန်ကွယ်လွန်သွားကြောင်း၎င်းကဆက်ပြောသည်။

(အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နှင့် တိုက်ပွဲအတွင်း ဆီဘောင်ဆာကားမီးလောင်နေသည့် မြင်ကွင်းဖြစ်သည်။ ဓါတ်ပုံ-အင်း​တော်PDF ၊ IR)
(အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နှင့် တိုက်ပွဲအတွင်း ဆီဘောင်ဆာကားမီးလောင်နေသည့် မြင်ကွင်းဖြစ်သည်။ ဓါတ်ပုံ-အင်း​တော်PDF ၊ IR)

ရဲစခန်းတိုက်ခိုက်​နေစဥ် နံနက် ၈ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်းတော်မြို့ပေါ်မှနေ၍ မဲဇာဘက်သို့ အင်အား ၃၀ ခန့်ပါစစ်ကားတစ်စီးဖြင့် စစ်ကူထွက်လာရာ KIAနှင် PDFအဖွဲ့များက မန်လည်လမ်းခွဲအနီးလမ်းပိုင်းတစ်နေရာ၌PDFပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြ သည်။

“ကျွန်တော်တို့ မဲဇာစခန်းကို တိုက်ခိုက်မယ်ဆိုရင်ဒီကောင်တွေဘက်က စစ်ကူလာမယ်ဆိုတာ ကြိုတွက်ပြီးသား၊ ဒါကြောင့် အသင့်စောင့်နေပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာ”ဟု IR Team မှ ရဲဘော်တစ်ဦးက ပြောသည်။

အထက်ပါကြားဖြတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ငါးဦးထပ်မံသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ ဒဏ်ရာပြင်းထန်သူများမှာထပ်မံသေဆုံးနိုင်ခြေရှိကြောင်းထုတ်ပြန်သည်။

စစ်​ကောင်စီတပ်မှ ​သေဆုံးမှုအ​ရေအတွက်ကို People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

မဲဇာစခန်းတိုက်ခိုက်မှုဖြစ်စဥ်မှ သေဆုံးအရာရှိနှင့် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်၏ရုပ်အလောင်းများကို MI 17 ရဟတ်ယာဥ်ဖြင့် ကန့်ဘလူဘက်သို့ ယနေ့(ဇူလိုင် ၁၀)နေ့လယ် ၂ နာရီခန့်က လာရောက်သယ်ဆောင်သွားပြီး ကြားဖြတ်တိုက်ပွဲများ ရုပ်အလောင်းများကိုမူ တိုက်ပွဲဖြစ်ပွားသည့်အနီးဝန်းကျင်၌ပင် မြှပ်နှံသွားကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကူလာသောယာဥ်အား ကြားဖြတ်တိုက်ခိုက်ရာလမ်းပိုင်းအနီး ရောက်လာသည့်ဆီဘောင်ဆာကားတစ်စီးမှာ တိုက်ပွဲအတွင်းပိတ်မိခဲ့ရာ ယာဥ်ပေါ်ပါသူများမှထွက်ပြေးခဲ့ပြီး ယာဥ်မှာ မီးလောင်ပျက်စီးခဲ့သည်။

“ဒီနေ့ အင်းတော်မှာ ပွဲစည်သွားတယ်။ စစ်ကောင်စီဘက်က တော်တော်အထိနာသွားတယ်။ ဆေးရုံကားတွေ တဝီဝီနဲ့ ခွေးပြေးဝက်ပြေး ပြေးနေကြတာ တွေ့တယ်”ဟု အင်း​တော်​ဒေသခံတစ်ဦးကလည်း​ပြောသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။