Connect with us

Hi, what are you looking for?

သတင်း

မတူပီနယ်တွင် တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ်က၄ဦး ထပ်သေ

ဇူလိုင် ၆ရက်တွင်တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီး ဒဏ်ရာရယူများ ရှိခဲ့ကြောင်း၊ ဇူလိုင် ၇ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးပြီး ၆ဦး ထက်မနည်းဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

(CDF မတူပီတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-CDF)
(CDF မတူပီတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-CDF)

ချင်းပြည်နယ် မတူပီ မြို့နယ်တွင် ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်က ၄ဦး သေဆုံးပြီး ၂ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မတူပီမြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)က သတင်းထုတ်ပြန်သည်။

ယနေ့ ဇူလိုင် ၁၁ရက် နံနက် ၁၀နာရီခန့်တွင် မတူပီ မြို့နယ် စောင်ထီးယားရွာနှင့် လုံတုမ်းကျေးရွာကြား ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။ တိုက်ပွဲအတွင်း CDF ရဲဘော်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ ကြောင်း အသိပေးထားသည်။

မတူပီ နယ်တွင်ဇူလိုင် ၆ရက်မှစ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ၆ရက်အတွင်း တိုက်ပွဲ ၄ကြိမ်ဖြစ်ခဲ့ကြောင်း မတူပီ CDF က ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

ဇူလိုင် ၆ရက်တွင်တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီး ဒဏ်ရာရယူများ ရှိခဲ့ကြောင်း၊ ဇူလိုင် ၇ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးပြီး ၆ဦး ထက်မနည်းဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် တစ်ပတ်ခန့်တွင်းမတူပီ မြို့နယ်တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၁၁ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့သည်။

ချင်းပြည်နယ် မြောက်ပိုင်း ဟားခါး – ဖလမ်း ကြားတွင်လည်း စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်များက ခုခံတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်ဟုချင်းဒေသခံတစ်ဦးက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။