Connect with us

Hi, what are you looking for?

သတင်း

က​လေးမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်

ကလေးမြို့အနောက်ပိုင်းရှိစမ်းမြို့ကျောင်းအပေါ်ထပ်တွင် စစ်ကောင်စီတပ်ဖွဲ့ ပုန်းအောင်းနေကြောင်းဒေသခံများကသတင်းပေးပို့သည်။

(က​လေးPDF တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-က​​လေးPDF)
(က​လေးPDF တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-က​​လေးPDF)

ကလေးမြို့နယ်​တောင်ပိုင်းတွင်စစ်ကောင်စီတပ်နှင့်ဒေသခံပြည်သူ့ကာကွယ်ရေးများ ယနေ့ (ဇူလိုင် ၁၂ရက်)နေ့လယ်ကတိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့​ကြောင်း​ဒေသခံများက​ပြောသည်။

ယမန်နေ့(ဇူလိုင် ၁၁ရက်)ကတည်းက စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ညပိုင်းတွင် ရပ်နားခဲ့ပြီးနောက် ယနေ့ ထပ်မံဖြစ်ပွားခြင်းဟု ဒေသခံများကပြောသည်။ ထို့အပြင် စစ်ကောင်စီပစ်သည့် သေနတ်ကျည်ကြောင့်ဒေသခံအရပ်သားတစ်ဦးဒဏ်ရာရသွားသည်။

ယောဒေသနှင့် ကလေးနယ် ထိစပ်နေသည့် ချင်းတောင်​ခြေဝန်းကျင်တစ်ဝိုက်(ကလေးမြို့ အနောက်ပိုင်းနှင့်တောင်ပိုင်း) တွင် အပြင်းအထန်ဖြစ်နေပြီးဒေသခံများနေအိမ်ပြင်ပသို့မထွက်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကသတိပေးသည်။

Public Service Announcement
Public Service Announcement

ကလေးမြို့အနောက်ပိုင်းရှိစမ်းမြို့ကျောင်းအပေါ်ထပ်တွင် စစ်ကောင်စီတပ်ဖွဲ့ ပုန်းအောင်းနေကြောင်းဒေသခံများကသတင်းပေးပို့သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က တိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို မသိရသေးသော်လည်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှတစ်ဦး ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းဆုံးရှုံးပြီးနောက် စစ်တပ်က ဗုံးကြဲနေပြီး မိုးမိတ်-မိုးကုတ်လမ်းပိုင်း ပိတ်

သတင်း

အာဏာသိမ်းစစ်တပ်က မကွေးတိုင်း၊ လောင်းရှည်မြို့ကတဆင့် ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

Facebook