Connect with us

Hi, what are you looking for?

သတင်း

က​လေးမြို့နယ် ဇူလိုင် ၁၂ တိုက်ပွဲတွင်စစ်သား ၁၀ဦးထက်မနည်း​သေဆုံးဟုPDF ​ပြော

စစ်ကောင်စီတပ်သည် ကလေးမြို့နယ်အတွင်း စစ်ကြောင်းနှစ်ကြောင်း ဖြန့်ကာထိုးနေ၍ဒေသခံများသတိပြုသွားလာကြရန်ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတိပေးချက်ထုတ်ပြန်ထားသည်။

(က​လေးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-က​လေးPDFB-1)
(က​လေးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-က​လေးPDFB-1)

ကလေးမြို့နယ်အတွင်းစစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးမဟာမိတ်များကြားယမန်နေ့(ဇူလိုင် ၁၂)တိုက်ပွဲတွင်စစ်ကောင်စီတပ်မှ၁၀ဦးထက်မနည်းသေဆုံးခဲ့​ကြောင်း​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။

ယနေ့နံနက်တွင်လည်းစစ်ကောင်စီတပ်အားမိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ယောဒေသနှင့် ကလေးနယ် ထိစပ်နေသည့် ချင်းတောင်​ခြေဝန်းကျင်တစ်ဝိုက်(ကလေးမြို့ အနောက်ပိုင်းနှင့်တောင်ပိုင်း) တွင် ဇူလိုင် ၁၁ရက်မှစ၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွား​နေသည်။

ဇူလိုင် ၁၁ရက်တိုက်ပွဲတွင် ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တစ်ဦး ဒဏ်ရာရခဲ့ပြီး ဇူလိုင် ၁၂ရက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ၁၀ဦးအနည်းဆုံးသေဆုံးခဲ့ကြောင်းကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ရင်း(၁)မှရဲဘော်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

“မနေ့က 12-7-2022 ခွေးမောင်းပွဲမှာမုန့်ဟင်းခါးအနည်းဆုံး၁၀ ပွဲပါခင်ဗျာဝမ်းသာကြဖို့ပါ” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ရေးသားထားသည်။

Public Service Announcement
Public Service Announcement

ထို့အပြင်ယနေ့(ဇူလိုင် ၁၃ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာနိူင်သည့်နေရာအားမိုင်း​ထောင်ထားပြီးစစ်ကြောင်းဖြတ်စဥ် ဖောက်ခွဲခဲ့ရာစစ်ကောင်စီတပ်ထပ်
မံအထိနာသွားကြောင်းပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကာင်စီစစ်ကြောင်းအတွင်း ဒဏ်ရာရနေသူများကို အထမ်းများဖြင့် ထမ်း၍ ခရီးဆက်နေသည်ကို တွေ့ရသည်ဟု ဒေသခံများကပြောသည်။

“စစ်ခွေးတွေအထမ်းတွေနဲ့တွေ့တယ်။တော်တော်အထိနာခဲ့ပုံရတယ်”ဟု ဒေသခံတစ်ဦးက​ပြောသည်။

စစ်ကောင်စီတပ်သည် ကလေးမြို့နယ်အတွင်း စစ်ကြောင်းနှစ်ကြောင်း ဖြန့်ကာထိုးနေ၍ဒေသခံများသတိပြုသွားလာကြရန်ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတိပေးချက်ထုတ်ပြန်ထားသည်။

ထို့အပြင်ယခုရက်ပိုင်း တိုက်ပွဲဆက်နေ၍သေနတ်ကျည်လိုအပ်ချက်များနေကြောင်းလည်းPDFများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

Facebook