Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုခရိုင်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက တိုက်ပွဲနားချိန်တွင် ​ကျေးရွာဖွံ့ဖြိုး​ရေးလုပ်ငန်းများပြုလုပ်

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက “အခုချိန်မှာ ရွာအတွက်အကြီးအကဲမရှိတော့ရွာသာယာဖို့ ဘယ်သူမှ မလုပ်နိုင်ဘူးဖြစ်နေကြလို့ပါ။”ဟု ပြောကြားသည်။

ရွှေဘိုခရိုင်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ
ရွှေဘိုခရိုင်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက တိုက်ပွဲနားနေချိန် ၎င်းတို့နယ်မြေအတွင်းရှိ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ဝက်လက်မြို့နယ်အခြေစိုက်တောကြီးမြွေပွေး ပြောက် ကျားတပ်ဖွဲ့သည် ကျေးရွာများရှိ လမ်းများပြုပြင်ခြင်းနှင့် ရေဆိုးကန်များ သန့်ရှင်းပြုပြင်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြသည်။

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက “အခုချိန်မှာ ရွာအတွက်အကြီးအကဲမရှိတော့ရွာသာယာဖို့ ဘယ်သူမှ မလုပ်နိုင်ဘူးဖြစ်နေကြလို့ပါ။”ဟု ပြောကြားသည်။

ရွှေဘိုခရိုင်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ
ရွှေဘိုခရိုင်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ

အလားတူ ရွှေဘိုခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သော ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့၊ C&T Shwebo LDF၊ Snake Eyes LDF၊MDF Shwebo၊ Alpha 7 LDF၊ Shwebo Federal Army၊ ဒေါင်းမာန်အဖွဲ့တို့ကလည်း ယနေ့ (ဇူလိုင် ၁၃ရက်)တွင်ပြည်သူများသွားလာရန် ခက်ခဲနေသောလမ်းများကို ပြုပြင်ရှင်းလင်းပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း