Connect with us

Hi, what are you looking for?

သတင်း

မတူပီတိုက်ပွဲသေဆုံး စစ်ကောင်စီတပ်သားများကို လမ်းဘေးနှင့် လူနေအိမ်အောက်များ၌ပစ်ထားခဲ့ဟု CDF ထုတ်ပြန်

မတူပီနယ်တွင် CDF၏ တိုက်ခိုက်မှုကြောင့် ဇူလိုင် ၆ ရက်မှ ၁၁ရက်အတွင်း တိုက်ပွဲ ​လေးကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - မတူပီ CDF
ဓာတ်ပုံ - မတူပီ CDF

ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများကို လမ်းဘေးနှင့် လူနေအိမ်များအတွင်းပစ်ထားခဲ့၍ အလောင်းများကို သဂြိုလ်ပေးခဲ့ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ် (CDF) က ထုတ်ပြန်သည်။

မတူပီ လိုင်လင်းပီမြို့မှ ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို မတူပီ CDFက ဇူလိုင် ၆ ရက်မှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မတူပီ CDF၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် ရှိသကဲ့သို့ စစ်ကောင်စီစစ်ကြောင်းမှ ရဲဘော် အချင်းချင်းသတ်ဖြတ်ခဲ့မှုဖြစ်စဥ် နှစ်ကြိမ်ရှိခဲ့သည်ဟုဆိုသည်။

လိုင်လင်းပီ နှင့် အာရူရွာကြားတွင် စစ်ကောင်စီတပ်သား အချင်းချင်း နှစ်ဦးသတ်ဖြတ်ခဲ့ပြီး ၊ ရဲန်ခဲန်းရွာနှင့် အမ်လိုင်းရွာကြားတွင် လူနာနှစ်ဦးကို ထပ်မံ သတ်ဖြတ်ခဲ့ကြောင်းသိရသည်ဟု မတူပီ CDF က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မတူပီနယ်တွင် CDF၏ တိုက်ခိုက်မှုကြောင့် ဇူလိုင် ၆ ရက်မှ ၁၁ရက်အတွင်း တိုက်ပွဲ ​လေးကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook