Connect with us

Hi, what are you looking for?

သတင်း

သံတောင်ကြီးမြို့နယ် စုစည်းရွာအနီးတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် ၁၅ဦးထက်မနည်းသေဟုဆို

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့်နေရာ သံတောင်ကြီးမြို့နယ်အတွင်း ပါဝင်သော်လည်း နေပြည်တော်၊ ပဲခူး တိုင်းနှင့် ကရင်ပြည်နယ်တို့၏ ထိစပ်နယ်မြေအနီးဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

(နေပြည်တော် PDF တပ်ရင်း (၈၀၂)တပ်ဖွဲ့ဝင်များအား ​တွေ့ရစဥ်)
(နေပြည်တော် PDF တပ်ရင်း (၈၀၂)တပ်ဖွဲ့ဝင်များအား ​တွေ့ရစဥ်)

▪️PDF ရဲဘော်တစ်ဦးကျဆုံးကာ တစ်ဦးပျောက်ဆုံးနေ

သံတောင်ကြီးမြို့နယ် စုစည်းရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေ ပြည်တော်)တပ်ရင်း (၈၀၂)၊ တပ်ခွဲ (၅)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်ရင်း(၈၀၂)က ယနေ့ (ဇူလိုင် ၁၅) ထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၁၄)ညနေ ၅ နာရီခန့်က သံတောင်ကြီးမြို့နယ် စုစည်းရွာအနီး ယင်းသက်ကြောတွင် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၅ ဦးထက်မနည်း သေဆုံးကြောင်း ဖော်ပြသည်။

“ပထမတော့ သူတို့စစ်ကြောင်း အယောက် ၆၀ကို သုံးကြောင်းခွဲတက်လာတယ်။ အဲလိုခွဲတက်လာတဲ့အချိန်မှာမှ ကျွန်တော်တို့ကို သူတို့ဘက်ကစတင် ပစ်ခတ်တော့မှ အ ပြန်အလှန်ပစ်တဲ့အချိန်မှာ သူတို့ဘက်က လေးယောက်ကျသွားတယ်။ ပြီးတော့မှ ကျွန်တော်တို့က ရှေ့ထွက်မိုင်းနဲ့တိုက်ခိုက်တဲ့အခါမှာ သူတို့ဘက်က ၁၁ ယောက် ထပ်ပြီးတော့ကျတယ်”ဟု နေပြည်တော် PDF တပ်ရင်း (၈၀၂)မှ တပ်ရင်းမှူး ဗိုလ်ဓူဝံက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ပွဲတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်၌ တပ်ရင်း (၈၀၂)မှ ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦးမှာ ပျောက်ဆုံးသွားခဲ့ရာ ယနေ့ညပိုင်းအထိ ပြန်ရှာမတွေ့သေးဘဲ အဆက်အသွယ်ပြတ်တောက်နေကြောင်း ၎င်းက တက်ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နေပြည်တော် PDF တပ်ရင်း (၈၀၂)တပ်ခွဲ (၅)မှ ရဲဘော်များ ​ထိတွေ့တိုက်ပွဲဖြစ်ပွားသည့်နေရာမှ ပြန်ဆုတ်ပေးခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်များက တပ်ဖွဲ့၏ ရိက္ခာတဲများနှင့် ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့်နေရာ သံတောင်ကြီးမြို့နယ်အတွင်း ပါဝင်သော်လည်း နေပြည်တော်၊ ပဲခူး တိုင်းနှင့် ကရင်ပြည်နယ်တို့၏ ထိစပ်နယ်မြေအနီးဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။