Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရှေ့တန်းပြန် ချင်းတပ်ဖွဲ့ရဲဘော်များအား ထန်တလန် ဒေသခံများ ကြိုဆိုဂုဏ်ပြု

လတ်တလောတွင် ချင်းမြောက်ပိုင်း ဖလမ်း – ဟားခါး လမ်း၌ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။ အဆိုပါ တိုက်ပွဲ၌ CDF ရဲဘော်အချို့လည်းကျဆုံးပြီး CNA ရဲဘော်အချို့ဒဏ်ရာရခဲ့သည်။

ဓာတ်ပုံ - The Chin Journal
ဓာတ်ပုံ - The Chin Journal

ရှေ့တန်းပြန် ချင်းတော်လှန်ရေးရဲဘော်များအား ထန်တလန်မြို့နယ် ကျေးရွာပြည်သူလူထုမှ ပန်းကုံးများနှင့် ကြိုဆို ဂုဏ်ပြုခဲ့ကြကြောင်း The Chin Journal က ယမန်နေ့တွင် ဓာတ်ပုံများနှင့်အတူ ဖော်ပြသည်။

အဆိုပါ ရဲဘော်များသည် ထန်တလန်မြို့နယ်အတွင်း ရှေ့တန်းတစ်နေရာမှ ပြန်လာခြင်းဖြစ်သည်ဟု ချင်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF) အပါအဝင် မြို့နယ်အသီးသီးရှိ ချင်းတော် လှန်ရေးတပ်များ၊ ဆက်စပ်ဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

လတ်တလောတွင် ချင်းမြောက်ပိုင်း ဖလမ်း – ဟားခါး လမ်း၌ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။ အဆိုပါ တိုက်ပွဲ၌ CDF ရဲဘော်အချို့လည်းကျဆုံးပြီး CNA ရဲဘော်အချို့ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်တောင်ပိုင်း မတူပီနှင့်မင်းတပ်မြို့နယ်အတွင်း၌လည်း စစ်ကောင်စီတပ်ကို မတူပီ CDFနှင့် မင်းတပ် CDFများက ခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲများ ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

ဆလိုင်းထက်နီ၏ပြောကြားချင်ကို CNFက ထုတ်ပြန်ခဲ့ရာ ချင်းပြည်နယ် ဧရိယာ၏ ၇၅ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားနိုင်ပြီဟု ပြောသည်။

သတင်း

စစ်ကောင်စီသည် နိုဝင်ဘာ ၁၃ရက်က ရခိုင်ပြည်နယ်၌ AAက စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာနေချိန်၌ အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးခြင်း၊ တိုက်ခိုက်ခြင်းများပြုလုပ်နေသည်ဟု AA က သတိပေးသည်။