Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့ရှိ စစ်ကောင်စီ၏ အမှတ်(၁၄)စစ်သင်တန်းကျောင်းအနီး တိုက်ပွဲဖြစ်

တိုက်ပွဲမှာ ယနေ့(ဇူလိုင် ၁၆ရက်)နေ့လည် ၁၁ နာရီခန့်တွင် ကရင်နီတပ်မတော် (KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

People's Spring
People's Spring

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့ရှိ စစ်ကောင်စီ၏ အမှတ် (၁၄)စစ်သင်တန်းကျောင်းအနီး တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး လက်နက် ငယ်တစ်လက်ရရှိကြောင်း ကရင်နီတပ်မတော်(KA)က ထုတ်ပြန်သည်။

တိုက်ပွဲမှာ ယနေ့(ဇူလိုင် ၁၆ရက်)နေ့လည် ၁၁ နာရီခန့်တွင် ကရင်နီတပ်မတော် (KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အမှတ်(၁၄)စစ်သင်တန်းကျောင်းမှထွက်လာသည့် စစ်ကောင်စီအဖွဲ့ကို ကြိုတင်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ကရင်နီပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ဇူလိုင် ဒုတိယအပတ်အတွင်း စစ်ကောင် စီ၏ စခန်းကုန် များကို တိုက်ခိုက်ခြင်းနှင့် ထောက်ပို့ယာဥ်များကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုး သားကာကွယ်ရေးတပ် (KNDF)က ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများအရ ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် ထိတွေ့ မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။