Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အမေရိကန်ရောက်မြန်မာများ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် လူထုသပိတ် ပြုလုပ်

သူ့ကျွန်ဘဝကလွတ်မြောက်ရန် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ယခုလက်ရှိ စစ်ကျွန်ဘဝက လွတ်မြောက်ရန် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ကြသည့် အာဇာနည်များကိုလည်း ဦးညွှတ်အလေးပြုခဲ့ကြသည်။

ဓာတ်ပုံ - Gary Rocchio
ဓာတ်ပုံ - Gary Rocchio

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် ယမန်နေ့ (ဇူလိုင် ၁၆) ၌ Free Burma Action Committe-San Francisco အဖွဲ့မှ ဦးဆောင်၍ မြန်မာနိုင်ငံသားများပူးပေါင်းပြီး အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် လူထုသပိတ်ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ လူထုသပိတ်ကို “(၆၈)ကြိမ်မြောက် အလံမလိပ် အသံမတိတ် ဆန်ဖရန်သပိတ်တိုက်ပွဲ” ခေါင်းစဥ်ဖြင့် ဆန်ဖရန်စစ္စကိုမြို့ City Hall ရှေ့တွင် ကျင်းပခဲ့သည်။

ဓာတ်ပုံ - Gary Rocchio
ဓာတ်ပုံ – Gary Rocchio

ပြည်ပရောက်မြန်မာများက “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ၊ “PDF ကို အားဖြည့်ပေး စစ်အစိုးရဖြုတ်ချရေး” စသည့် စာတန်းများ ကိုင်ဆောင်ပြီး NUG အစိုးရကိုထောက်ခံအားပေးကြောင်းနှင့် အကြမ်းဖက် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဓာတ်ပုံ - Gary Rocchio
ဓာတ်ပုံ – Gary Rocchio

ထို့နောက် သူ့ကျွန်ဘဝကလွတ်မြောက်ရန် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ယခုလက်ရှိ စစ်ကျွန်ဘဝက လွတ်မြောက်ရန် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ကြသည့် အာဇာနည်များကိုလည်း ဦးညွှတ်အလေးပြုခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။