Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲကင်းစခန်းမှ ရဲတစ်ဦး ရှင်းလင်းခံရ

ရဲတပ်သားစည်သူအောင်၏ နားထင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး စစ်ကိုင်းပြည်သူ့ ဆေးရုံကြီး ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(စစ်တပ်အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းစွာဆန္ဒပြသူများအား ဖြိုခွင်းရန် ပြင်ဆင်နေသော ရဲတပ်ဖွဲ့အား တွေ့ရစဥ်)
(စစ်တပ်အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းစွာဆန္ဒပြသူများအား ဖြိုခွင်းရန် ပြင်ဆင်နေသော ရဲတပ်ဖွဲ့အား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ် များက ပြောသည်။

ယနေ့ (ဇူလိုင် ၁၈ ရက်) နံနက် ၇နာရီခွဲခန့်က ညောင်ပင်ဝန်းရဲကင်းစခန်းမှ ရဲတပ်သား စည်သူအောင်သည် ညောင်ပင်ဝန်းကျေးရွာဈေးအတွင်း ဈေးဝယ်ရန်တစ်ဦးတည်း ဆိုင်ကယ်ဖြင့် ထွက်လာခဲ့ရာ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြား ရေးက သတင်းထုတ်ပြန်သည်။

ရဲတပ်သားစည်သူအောင်၏ နားထင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး စစ်ကိုင်းပြည်သူ့ ဆေးရုံကြီး ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ညောင်ပင်ဝန်းရဲစခန်းသည် မုံရွာ – မန္တလေးလမ်းမကြီးပေါ် ညောင်ပင်ဝန်း ကျေးရွာတွင် တည်ရှိပြီး အဆိုပါစခန်းရှိ အကြမ်းဖက်အုပ်စုသည် ခရီးသွားပြည်သူများအား မကြာခဏဖမ်းဆီး၊စစ်ဆေး ၊ပစ်ခတ်ခြင်း၊ ရွာသူရွာသားများအား ဖမ်းဆီးနှိပ်စက်ခြင်းများပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ လှည့်ပတ်စစ်ကြောင်းထိုးနေတဲ့စစ်တပ် မိုင်းမိပြီး သေဆုံးနေတဲ့ ရုပ်အလောင်း ၅လောင်းတွေ့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ဘုရားဖြူမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေပူးပေါင်းကာ အနောက်တာ(ရေဝင်တန် ဆည်) ဘက်ကို ဝင်ရောက်ပြီး ပြည်သူတွေ ဖမ်းဆီးကာ ဆက်ကြေးတောင်းတာ တွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၏ ဝင်ပေါက်၊ထွက်ပေါက်ဖြစ်ရာ စစ်ကိုင်းမြို့နယ်ကို စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းဖြင့် အင်အား ၁,၀၀၀ ဝန်းကျင်အသုံးပြုထိုးစစ်ဆင်နေကြောင်း စစ်ကိုင်းပြည်သူ့ကာကွယ် ရေးတပ်မတော် (စစ်ကိုင်း-PDF) တာဝန်ရှိသူကပြောသည်။

သတင်း

စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်‌‌‌ကျေးရွာကို မနေ့(မတ်လ ၁၆ရက်)ညပိုင်းက စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အိုနဲ့ လသားကလေးငယ်အပါအဝင် သေဆုံးသူ ၄ဦးရှိပြီး ထိခိုက်‌‌ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။