Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင်မီးဖို​ချောင်သုံးဓါတ်​ငွေ့ရည်ပြတ်လပ်၊ ဈေးနှစ်ဆနီးပါးတက်

ဇွန်လကုန်ပိုင်းက LPGတစ်ပိဿာကို ကျပ် ၅၀၀၀ သာရှိရာမှ ယနေ့(ဇူလိုင်၁၈ )တွင် တစ်ပိဿာကို ကျပ် ၁၀၀၀၀ခန့်ရှိလာပြီး ​ဈေးနှစ်ဆနီးပါးတက်လာခြင်းဖြစ်သည်။

(​မီးဖို​ချောင်သုံးရေနံဓါတ်​ငွေ့ရည်တစ်တပိဿာလျှင် ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ခန့်အထိ့တက်လာသည်။ ဓါတ်ပုံ-CJ)
(​မီးဖို​ချောင်သုံးရေနံဓါတ်​ငွေ့ရည်တစ်တပိဿာလျှင် ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ခန့်အထိ့တက်လာသည်။ ဓါတ်ပုံ-CJ)

ရန်ကုန်မြို့တွင် မီးဖိုချောင်သုံး ဓာတ်ငွေ့ရည်(LPG)ပြတ်လပ်နေပြီး ဈေးနှုန်းများနှစ်ဆနီးပါးတက်လာ​ကြောင်း ဓာတ်ငွေ့ရည်ဝယ်ယူခဲ့သူများကပြောသည်။

မီးဖိုချောင်းသုံး ဓာတ်ငွေ့ဟူခေါ်သည့် ရေနံသဘာဝဓာတ်ငွေရည်(LPG)သည် အရောင်းဆိုင်များတွင် ယခုရက်ပိုင်း ပြတ်လပ်နေပြီး LPGတစ်ပိဿာကို ကျပ်တစ်သောင်းခန့်ရှိလာသည်ဟု ဝယ်ခဲ့သူများကပြောသည်။

“ဆိုင်တွေ ပတ်ပြီးလိုက်ဖြည့်တာ ဆိုင်အားလုံးနီးပါး ပြတ်နေတယ်။ ဆိုင်တဆိုင်မှာတော့ တစ်ယောက်ကို ၃ ပိဿာလောက်ပဲရောင်းပေးလို့ ဝယ်ခဲ့ရတယ်”ဟု ရန်ကုန်မြို့ခံတစ်ဦးကပြောသည်။

ဇွန်လကုန်ပိုင်းက LPGတစ်ပိဿာကို ကျပ် ၅၀၀၀ သာရှိရာမှ ယနေ့(ဇူလိုင်၁၈ )တွင် တစ်ပိဿာကို ကျပ် ၁၀၀၀၀ခန့်ရှိလာပြီး ​ဈေးနှစ်ဆနီးပါးတက်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အချို့ဆိုင်များတွင် ကျပ် ၈၀၀၀ခန့်ဖြင့်ရောင်းချပေးနေသော်လည်း အများစုမှ ကျပ် တစ်သောင်းဝန်းကျင်ဖြင့်ရောင်းချနေသည်ဟု LPGအရောင်းဆိုင်များထံမှသိရသည်။

လက်ရှိတွင် ဆိပ်ကမ်းမှ တင်ပို့နေသည့် LPGသင်္ဘောသည် အခွန်စနစ်နှင့် ဒေါ်လာပေးချေရန် အခက်အခဲများရှိနေခြင်းကြောင့် ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာသွားပြီးနောက် ယခုကဲ့သို့ ဈေးကွက်အတွင်း LPGပြတ်လပ်ခြင်းဖြစ်သည်ဟု LPGအရာင်းဆိုင်မန်နေဂျာတစ်ဦးကပြောသည်။

ထိုင်းနိုင်ငံမှရေနံသဘာဝဓာတ်ငွေ့ရည်တင်သွင်းမှုကို ဇူလိုင် ၂၀ ရက်က စတင်ပြီး ပုံမှန်အတိုင်းပြန်လည်တင်သွင်းမည်ဟု ထိုင်းနိုင်ငံမှ ရေနံသဘာဝဓာတ်ငွေ့ရည်တင်သွင်း​ရောင်းချနေသည့် AwRa ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ရန်ကုန်မြို့မှာဇွန်လ၁၁ရက်နေ့လယ် ၁၂နာရီ ၁၈မိနစ်ခန့်က ငလျင်လှုပ်သွားပြီးအထပ်မြင့်အဆောက်အအုံတွေမှာပါသိသိသာသာ ခံစားလိုက်ရတယ်လို့မြို့ခံတွေကပြောပါတယ်။