Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲများပြင်းထန်နေ၍ လုံခြုံရေးနှင့် လူသားချင်းစာနာမှု လိုအပ်ချက်အခြေအနေများ ဆက်လက်ဆိုးရွားနေဟု OCHA ထုတ်ပြန်

ဒေသတွင်းအခြေစိုက်မီဒီယာများနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ အချက်အလက်များအရ ဇူလိုင် ၁ မှ ၉ ရက်အတွင်း မြေမြှပ်မိုင်းကြောင့် ရခိုင်ပြည်နယ်မှ မြို့နယ် (၃)ခုတွင် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား (၂) ဦးသေဆုံးပြီး နောက်ထပ် (၂) ဦး ဒဏ်ရာရရှိခဲ့သည်။

(ဒီပဲယင်းမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသောဒေသခံပြည်သူများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး)
(ဒီပဲယင်းမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသောဒေသခံပြည်သူများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး)

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေ၍ လုံခြုံရေးနှင့် လူသားချင်းစာနာမှု လိုအပ်ချက်အခြေအနေများ ဆက်လက်ဆိုးရွားနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)က ယနေ့ထုတ်ပြန်သည်။

အရပ်သားသေဆုံးမှုနှင့် အိုးအိမ်စွန့်ခွာမှုများဆက်လက်ဖြစ်ပေါ်နေပြီး မိတ်ဖက်အဖွဲ့များ၏ အချက်အလက်များအရ ဇူလိုင်အစောပိုင်းမှ စတင်၍ ခန့်မှန်းခြေ အရပ်သားပြည်သူ ၁၈,၃၇၀ ဦးသည် နေအိမ်များကို စွန့်ခွာကာပိုမိုဘေးကင်းလုံခြုံတဲ့နေရာများသို့ ရွှေ့ပြောင်းခဲ့ရကြောင်း OCHA က ဖော်ပြသည်။

အဆိုပါရွှေ့ပြောင်းမှုအတွင်း ပဲခူးတိုင်း အရှေ့ပိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ (၁၈)ရွာမှ အနည်းဆုံး ၁၂,၃၀၀ ဦး၊ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ (၇) ရွာမှ ၁,၀၀၀ ဦး၊ မွန်ပြည်နယ် သထုံမြို့နယ်မှ ၁,၅၀၀ ခန့်၊ ကရင်ပြည်နယ် ဖားအံမြို့နယ်မှ ၅၀၀ ဦး၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှ ၇၀ ဦးနဲ့ မိုးကောင်းမြို့နယ်မှာ ၃,၀၀၀ ဦးခန့် ပါဝင်ကြောင်း ဆက်လက် ဖော်ပြသည်။

Public Service Announcement
Public Service Announcement

“မြေပြင်အခြေအနေမှာ နေရပ်စွန့်ခွာတိမ်းရှောင်ရသူ အရေအတွက်ဟာ အထက်ပါ ကိန်းဂဏန်းထက်ကျော်လွန်နေနိုင်ပေမယ့်လည်း လုံခြုံရေး အခြေအနေတွေနဲ့ အင်တာနက်ပြတ်တောက်မှုတွေကြောင့် ကျယ်ကျယ်ပြန့်ပြန့် စိစစ်အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး” ဟု OCHA က ဆိုသည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ ၂၀၂၁ စစ်အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့်မလုံခြုံမှုများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၇၈၃,၄၀၀ ဦး၊ ယင်းမတိုင်မီပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာရသူ ၃၄၆,၆၀၀ ဦး အပါအဝင် ဇူလိုင် ၁၁ ရက်အထိ ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းရသူဦးရေ စုစုပေါင်းဟာ တစ်သန်းကျော် ၁,၁၃၀,၀၀၀ ရှိလာပြီ ဖြစ်သည်။

ထို့အပြင် မြေမြှပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များသည် အရပ်သားပြည်သူများ၏ အသက်နှင့် ဘေးကင်းလုံခြုံမှုကို အန္တရာယ်ပြုနေဆဲဖြစ်ကြောင်း OCHA က ထုတ်ပြန်သည်။

ဒေသတွင်းအခြေစိုက်မီဒီယာများနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ အချက်အလက်များအရ ဇူလိုင် ၁ မှ ၉ ရက်အတွင်း မြေမြှပ်မိုင်းကြောင့် ရခိုင်ပြည်နယ်မှ မြို့နယ် (၃)ခုတွင် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား (၂) ဦးသေဆုံးပြီး နောက်ထပ် (၂) ဦး ဒဏ်ရာရရှိခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင်လည်း အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း OCHA ကထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တောင်ဘက် ကံကြီးကျေးရွာကဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေတိမ်ပင်လယ်ရှိရာ နောင်ချိုကြီးကျေးရွာမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ နောင်ချိုဒေသခံတွေကပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အစပ်တွင် တိုက်ပွဲများဖြစ်ပွားနေရာနှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိကြောင်းရှမ်းတောင် စစ်ဒေသ ဗျူဟာ ၁၄ က ယနေ့(ဇွန်လ ၁၁ ရက်)ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးက ကံကြီးကျေးရွာကနေ ဆုတ်ခွာလိုက်ရတဲ့ စစ်ကောင်စီတပ်နဲ့ ကံကြီးရွာအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

သတင်း

ဖားကန့်မြို့နယ်အတွင်းနေရာ​လေးခု၌ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီနှင့် KIA၊ KPDF ပူးပေါင်းတပ်တိုက်ပွဲဖြစ်နေပြီး နေအိမ်ပြင်ပမထွက်ကြရန် ဒေသခံများကအချင်းချင်းသတိပေးနေကြသည်။