Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးတွင် စခန်းဝင်စီးမည်ဟု သတင်းရ၍ ကြိုတင်ရှောင်ရှားပြီး နင်းမိုင်းဆင်ထားခဲ့ရာ မိုင်းမိပြီး စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေ

စခန်းအားဝင်ရောက်စီးနင်းခဲ့သော စစ်ကောင်စီတပ်များမှာ ယနေ့(ဇူလိုင် ၂၀)နံနက်ပိုင်းအထိ စခန်းမှထွက်ခွာ ခြင်းမရှိသေးဘဲ ကင်းပုန်းများဝပ်၍ စောင့်ကြည့်နေသည်ကို သိရှိရကြောင်း ထုတ်ပြန်သည်။

(ဗိုလ်လင်းယုန် Local ပြောက်ကျားတပ်ဖွဲ့ဝင်အချို့အားတွေ့ရစဥ်)
(ဗိုလ်လင်းယုန် Local ပြောက်ကျားတပ်ဖွဲ့ဝင်အချို့အားတွေ့ရစဥ်)

စဥ့်ကူးမြို့နယ်အတွင်း စခန်းဝင်စီးမည်ဟူသော သတင်းရ၍ တပ်ဖွဲ့ဝင်များကြိုတင်ရှောင်ရှားကာ နင်းမိုင်းတင်ထား ခဲ့ရာ စခန်းသို့လာသော စစ်ကောင်စီတပ်သားများမိုင်းထိသေဆုံးသွားကြောင်း ဗိုလ်လင်းယုန်ပြောက်ကျားတပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။

ယမန်(ဇူလိုင် ၁၉)စဥ့်ကူးမြို့နယ် ရှောက်ပင်ရိုးအရှေ့ဘက် မအူမြိုင်တောတွင် စခန်းချလျှက်ရှိသော သပိတ်ကျင်းမြို့နယ်ဗိုလ်လင်းယုန် Local ပြောက်ကျားတပ်ဖွဲ့စခန်းအား သပိတ်ကျင်းမြို့နယ်ဘက်မှ စစ်ကောင်စီတပ်မှ ကားရှစ်စီးနှင့် အင်အား ၃၀၀ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါစခန်းဝင်စီးမည့်သတင်းအား ကြိုတင်ရရှိသဖြင့်လင်းယုန်အဖွဲ့သားများမှ ဆေးဝါး၊ ရိက္ခာနှင့် ယမ်းပစ္စည်းသိုလှောင်ရာတဲထဲတွင် ကားမိုင်းအကြီးစားတစ်လုံးကိုခြေ နင်းမိုင်းဆင်၍ စခန်းအားဆုတ်ခွာခဲ့ရာ ယင်းနေ့ညနေ ၅ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်များ စခန်းကုန်းပေါ်သို့ ရောက်ရှိလာသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“စခများ သေနက်ဖောက်ဝင်ရောက်ချိန်တွင် မိမိတို့ရဲဘော်များထောင်ထားသော မိုင်းအားစခများနင်းမိ၍ မိုင်းပြင်းအားကောင်းကောင်းနှင့် ပေါက်ကွဲခဲ့ရာ စခများ ၅ ဦးထက်မနည်းသေဆုံးဒဏ်ရာရပြီးနာရီပိုင်းအတွင်းစခကား၃စီးဖြင့် သပိတ်ကျင်းမြို့နယ်ဘက်သို့ ဒုန်းမောင်းသွားသည်ကိုစောင့်ကြည့်ရဲဘော်မှအတည်ပြုထားနိူင်ခဲ့သည်”ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ဆေးဝါ၊ ရိက္ခာ၊ ယမ်းပစ္စည်း၊ လက်လုပ်ပခုံးထမ်း၊ တူမီး၊ ယူနီဖောင်၊ အဝတ်အစား အားလုံးမသယ်နိူင်ခဲ့ဘူး။သတင်းရ အချိန်ကနည်းတော့ လူပဲလွတ်အောင်စီစဥ်ခဲ့ရတာ။ စခန်းပြန်လည်တည်ဆောက်ဖို့ အကူညီများ လိုအပ်ပါတယ်”ဟု ဗိုလ်လင်းယုန် Local ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

စခန်းအားဝင်ရောက်စီးနင်းခဲ့သော စစ်ကောင်စီတပ်များမှာ ယနေ့(ဇူလိုင် ၂၀)နံနက်ပိုင်းအထိ စခန်းမှထွက်ခွာ ခြင်းမရှိသေးဘဲ ကင်းပုန်းများဝပ်၍ စောင့်ကြည့်နေသည်ကို သိရှိရကြောင်း ထုတ်ပြန်သည်။

သတင်းကြို၍ ရှောင်ရှားနိုင်ခဲ့သောကြောင့် ဗိုလ်လင်း ယုန်အဖွဲ့သားများ ဘေးကင်းလုံခြုံသောနေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။