Connect with us

Hi, what are you looking for?

သတင်း

“နန်းထိုက်အောင်”စစ်ဆင်ရေးအဖြစ် သာကေတနှင့် ရေးမြို့နယ်တို့တွင် တိုက်ခိုက်မှုများပြုလုပ်

ရက်​ပေါင်း၁၀၀အတွင်း မြန်မာပြည်​တောင်ပိုင်းရှိ တနင်္သာရီ၊ မွန်၊ ပဲခူးနှင့် ရန်ကုန်တို့တွင် စစ်​ရေးပစ်မှတ် ၈၀၊ အုပ်ချုပ်​ရေးပစ်မှတ် ၂၅နှင့် စီးပွား​ရေးပစ်မှတ် ၇ စုစု​ပေါင်း မစ်ရှင် ၁၁၂ခု ​ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆို သည်။

"နန်းထိုက်အောင်"စစ်ဆင်ရေး
"နန်းထိုက်အောင်"စစ်ဆင်ရေး

“နန်းထိုက်အောင်”စစ်ဆင်ရေးအဖြစ် သာကေတနှင့် ရေးမြို့နယ်တို့တွင် တိုက်ခိုက်မှုများပြုလုပ်ပြီး စစ်ကောင်စီယာဥ်တစ်စီးကို လက်ပစ်ဗုံးထည့်တိုက်ခိုက်မှု အပါအဝင် အုပ်ချုပ်ရေးမှူးနှင့်ဒလန်တစ်ဦးကို ရှင်းလင်းခဲ့ကြောင်း စစ်ဆင်ရေးတာဝန်ခံက ပြောသည်။

ရန်ကုန်မြို့ သာကေတမြို့နယ်စစ်ဆင်ရေးသည် (ဇူလိုင် ၁၉ ရက်) ည ၈ နာရီခွဲခန့်က ခိုင်​ရွှေဝါမှတ်တိုင်အနီး အကြမ်းဖက်စစ် ကောင်စီယာဥ် နှစ်စီးကို လက်ပစ်ဗုံးထည့်သွင်း တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

တိုက်ခိုက်မှုကို Exodus(MO-5) အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီယာဥ်နှစ်စီးအနက် ထွေအုပ်ပတ်ကင်းကားမှာ ပျက်စီးပြီး တစ်ဦး​သေကာ တစ်ဦးစိုးရိမ်ရဒဏ်ရာရခဲ့​ကြောင်း အသိပေးသည်။

“အခင်းဖြစ်​နေရာကို အ​ရေး​ပေါ်ကား၂စီး​ရောက်လာပြီး လူ​တွေကို သယ်သွားတယ်။​ထွေအုပ်ကား က​တော့သုံးမရ​အောင်ပျက်စီးသွားတယ်။ ​နောက်တ​နေ့ ၂၀ ရက်​နေ့မှ ကားပျက်ကြီးကို လာဆွဲသွားကြတယ် လို့ ပတ်ဝန်းကျင်က ​ပြောပါတယ် “ဟု အထက်ပါတာဝန်ရှိသူက ပြော သည်။

Public Service Announcement

Public Service Announcement

အလားတူ မွန်ပြည်နယ် ရေးမြို့နယ်၊ကော့ဒွတ်ကျေးရွာမှ အုပ်ချုပ်ရေးမှူ စန်းဝင်းဆိုသူကို ပြည်သူများဆန္ဒအရ ယမန်နေ့(ဇူလိုင် ၂၀ ရက်) မွန်းလွဲပိုင်းက ရှင်းလင်းခဲ့ပြီး စစ်ကောင်စီရဲတပ်ဖွဲ့နှင့် ဆက်စပ်သူ ကိုဇော်ဆိုသူကိုလည်း ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

“ကော့ဒွတ်က သုဿာန်မှာပဲ ရှင်းခံရတာ။နှစ်ယောက်စလုံးက အသုဘလိုက် ပို့တုန်း ပစ်သတ်ခံရတာ”ဟု ရေးမြို့နယ်နေထိုင်သူတစ်ဦးက ပြောသည်။

ယမန်နေ့ညပိုင်းကလည်း နန်းထိုက်အောင် စစ်ဆင်ရေးဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြစျေး၊ လုံခြုံ ရေးဘန်ကာကို ဗုံးခွဲတိုက်ခိုက်ထားသေးသည်။

ဇူလိုင် ၁၆ ရက်ကရက်ပေါင်း ၁၀၀ ပြည့်ခဲ့သည့် “နန်းထိုက်အောင် “စစ်ဆင်းရေးအရ မစ်ရှင် ၁၁၂ခု ဆောင် ရွက်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် သတင်းပေး ထောက်တိုင် ၉၇ ဦးသေဆုံးခဲ့ကြောင်း စစ်ဆင်းရေး တာဝန်ခံက လူထုနွေဦးသို့ အသိ​ပေးသည်။

ရက်​ပေါင်း၁၀၀အတွင်း မြန်မာပြည်​တောင်ပိုင်းရှိ တနင်္သာရီ၊ မွန်၊ ပဲခူးနှင့် ရန်ကုန်တို့တွင် စစ်​ရေးပစ်မှတ် ၈၀၊ အုပ်ချုပ်​ရေးပစ်မှတ် ၂၅နှင့် စီးပွား​ရေးပစ်မှတ် ၇ စုစု​ပေါင်း မစ်ရှင် ၁၁၂ခု ​ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆို သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က မြင်တော်သာလမ်းမှာ စက်ဘီးနဲ့ ကျောင်းသွားတဲ့ ကိုးတန်းကျောင်းသားလေး ၁ဦးကို လူတစ်စုက ဖမ်းဆီးဖို့ကြိုးစားချိန် ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook