Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီထံမှရုန်းထွက်လာသည့် CDMတပ်သား ၄ဦးကျောက်ထု PDF ၌ တာဝန်ထမ်းဆောင်နေ

ယင်းတပ်ဖွဲ့ဝင် ၄ဦး အနက် ၂ဦးသည် PDF တပ်ရင်း(၂) တပ်ခွဲ(၃) ၌ တာဝန်ထမ်းဆောင်နေပြီး ကျန် ၂ဦးသည် PDF တပ်ရင်း(၁) တပ်ခွဲ(၃) ၌ တာဝန်ထမ်းဆောင်နေသည်။

(ပြည်သူနှင့်ပူး​ပေါင်းလာ​သောတပ်မ​တော်သားများ။ ဓါတ်ပုံ-PDF​ကျောက်ထု)
(ပြည်သူနှင့်ပူး​ပေါင်းလာ​သောတပ်မ​တော်သားများ။ ဓါတ်ပုံ-PDF​ကျောက်ထု)

မကွေးတိုင်း ဆောမြို့နယ်ကျောက်ထုပြည်သူ့ကာကွယ်ရေးတပ်(PDF)သို့ ပြည်သူ့ရင်ခွင် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၄ဦး ရှိကြောင်း ကျောက်ထု PDFနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သား ၄ဦးအနက်၁ဦးသည်လက်နက်နှင့်အတူ CDM ပြုလုပ်လာခြင်းဖြစ်သည်။

ယင်းတပ်ဖွဲ့ဝင် ၄ဦး အနက် ၂ဦးသည် PDF တပ်ရင်း(၂) တပ်ခွဲ(၃) ၌ တာဝန်ထမ်းဆောင်နေပြီး ကျန် ၂ဦးသည် PDF တပ်ရင်း(၁) တပ်ခွဲ(၃) ၌ တာဝန်ထမ်းဆောင်နေသည်။

စစ်ကောင်စီ၏ တပ်မ(၅၅) လက်အောက်ခံ (၅၁၂) တပ်ရင်းမှ တပ်သား ဖြိုးကိုကို၊ တပ်သား အောင်ကျော်ဇင်နှင့် တပ်သား ဝေဠုကျော် တို့သည် မေလကုန်ပိုင်းတွင် CDM ပြုလုပ်လာခြင်းဖြစ်ပြီး မင်းတပ်မြို့နယ် ခလရ(၂၇၄) တပ်မှ တပ်သား ဟိန်းမင်းလှိုင်သည် လက်နက်နှင့်တူ ယခု ဇူလိုင် ၁၈ရက်တွင် CDM ပြုလုပ်လာခြင်းဖြစ်သည်။ လက်နက်နှင့် CDM ပြုလုပ်လာသည့် တပ်သားကို ဂုဏ်ပြုငွေ ကျပ် သိန်း ၈၀ ပေးအပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ CDM စစ်သားများကိုကောင်းမွန်စွာထားရှိပြီး၎င်းတို့ ၄ဦးစလုံး ကျောက်ထု PDF ၌ ပြန်လည်တာဝန်ထမ်းဆောင်ခဲ့ကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်၊ ကျောက်ထုအ‌မြောက်တပ်က သေဆုံး၊ဒဏ်ရာရသူတွေကို စစ်တပ်က ရဟတ်ယာဉ် ၂စီးနဲ့ သယ်ထုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။