Connect with us

Hi, what are you looking for?

သတင်း

အင်အား ၁၀၀ခန့်ရှိ စစ်ကြောင်းကို ကလေး PDF တိုက်ခိုက်ရာစစ်ကောင်စီတပ်မှဗိုလ်ကြီးအပါအဝင် သေဆုံးထိခိုက်မှုရှိ

ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ထားသော လုံခြုံရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

(က​လေးPDF တပ်ရင်း၆ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-NUG)
(က​လေးPDF တပ်ရင်း၆ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-NUG)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်သားများနှင့်စစ်ကောင်စီတပ်တို့ ယနေ့ မနက်က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး(ဗိုလ်မှူး​ကော်မရှင်စား)အပါအဝင် သေဆုံးထိခိုက်ရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယနေ့( ဇူလိုင် ၂၁ရက်) နံနက် ၁၀နာရီခွဲခန့်တွင် ကလေးမြို့နယ် ကျောက္ကာကျေးရွာ၊ နန်းသိုင်းရေနံမှော် ဘက်မှသွားသော အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ် နှင့် ကလေး PDF တပ်ရင်း(၆) တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ခဲ့သည်ဟု​ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းမှူး ဖြစ်သူ ဗိုလ်ကြီး တစ်ဦး၊စက်လက်ပစ်ခတ်သူ (၁) ဦးနှင့်တပ်သား (၁) ဦးတို့ သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ပြီး တပ်သားအများအပြား မိုင်းထိကာ သေဆုံးဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲအတွင်းရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများကို ပြည်သူ့ကာကွယ်ရေးတပ်သားများက ဘေးလွတ်ရာပို့ဆောင်ပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ထားသော လုံခြုံရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့