Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ထိုးစစ် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက် လက်မခံ၍ ဖြစ်နိုင်သကဲ့သို့ ပြည်သူ့စစ်များကို တပ်စခန်းနေရာချပေးလို၍ ဖြစ်နိုင်ဟု KIAတာဝန်ရှိသူသုံးသပ်

ဝိုင်းမော်မြို့နယ် ဝါးရှောင်ဒေသရှိ KIA တပ်ရင်း(၃) နယ်မြေသို့ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်မည်ဟု သတင်းရ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ရာ ဇူလိုင် ၁၀ရက်တွင် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီတပ်ထိုးစစ် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက် လက်မခံ၍ ဖြစ်နိုင်သကဲ့သို့ ပြည်သူစစ်များကို တပ်စခန်းနေရာချပေးလို၍ ဖြစ်နိုင်ဟု KIAတာဝန်ရှိသူသုံးသပ်
စစ်ကောင်စီတပ်ထိုးစစ် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက် လက်မခံ၍ ဖြစ်နိုင်သကဲ့သို့ ပြည်သူစစ်များကို တပ်စခန်းနေရာချပေးလို၍ ဖြစ်နိုင်ဟု KIAတာဝန်ရှိသူသုံးသပ်

▪️ရှမ်းနီပြည်သူ့စစ်၊ရွှေမင်းပြည်သူ့စစ်နှင့် ရှထုဇွပ် ပြည်သူစစ်များကို စစ်ကောင်စီတပ်နှင့်တွဲပြီး KIA နယ်မြေများသို့ ထိုးစစ်ဆင်

▪️စစ်ရေးလှုပ်ရှားမှုကြောင့် ပြည်သူလူထုနှင့် ရှေ့တန်းရဲဘော်များ စစ်ရေးသတိဖြင့်နေရမည့် အရေးကြီးသည့် အချိန်ကာလဟု အသိပေး

စစ်ကောင်စီတပ်သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နယ်မြေများသို့ ယခုလအတွင်း ထိုးစစ်ဆင် တိုက်ခိုက်လာ၍ တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယခုလအတွင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ဖားကန့်မြို့နယ်၊ တနိုင်းမြို့နယ်နှင့် ရှမ်းမြောက်ဒေသ မိုးမိတ်နှင့် ကွတ်ခိုင်မြို့နယ်တို့၌ KIAနှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ခဲ့သည်။

ဝိုင်းမော်မြို့နယ် ဝါးရှောင်ဒေသရှိ KIA တပ်ရင်း(၃) နယ်မြေသို့ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်မည်ဟု သတင်းရ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ရာ ဇူလိုင် ၁၀ရက်တွင် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement
Public Service Announcement

“ဒီလ ၁၀ရက်နေ့ကနေ ညနေကနေ တိုက်ပွဲဖြစ်တယ်။ ဒီနေ့ကတော့ မရှိဘူး အခုထက်ထိ မကြားရသေးဘူး။ ဆိုတော့ ၁၀ရက်လောက်ရှိပြီ တိုက်ပွဲတွေ ကြိုကြားကြိုကြား ပြန်ဖြစ်တာ”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် တပ်ရင်း(၂၆)နယ်မြေ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ၌လည်း KIAနှင့် စစ်ကောင်စီတပ်တို့ ဇူလိုင် ၁၆ရက်က တိုက်ပွဲ များ စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အထိနာ၍ တိုက်လေယာဉ်များ ရဟတ်ယာဉ်များ အသုံးပြုတိုက်ခိုက်ခဲ့ရသည်။

စစ်ကောင်စီတပ်ထိုးစစ် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက် လက်မခံ၍ ဖြစ်နိုင်သကဲ့သို့ ပြည်သူစစ်များကို တပ်စခန်းနေရာချပေးလို၍ ဖြစ်နိုင်ဟု KIAတာဝန်ရှိသူသုံးသပ်
စစ်ကောင်စီတပ်ထိုးစစ် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက် လက်မခံ၍ ဖြစ်နိုင်သကဲ့သို့ ပြည်သူစစ်များကို တပ်စခန်းနေရာချပေးလို၍ ဖြစ်နိုင်ဟု KIAတာဝန်ရှိသူသုံးသပ်

“စစ်ကောင်စီဘက်က ရှမ်းနီ ပြည်သူ့စစ်နဲ့ ပူးပေါင်းပြီးမှ သူတို့က စစ်ဆင်ရေး လုပ်နေတာ။ ကျွန်တော်တို့လည်း ခုခံတိုက်ပွဲ ဖြစ်တယ် အဲဒီဘက်မှာ။ သူတို့က လေယာဉ်ပျံနဲ့လည်း ပစ်တယ်။ ဟတ်စကီးတွေနဲ့လည်း ပစ်တယ်။ စစ်အင်အားတွေက လေကြောင်းကနေ ပို့ထားတာ။ စစ်သုံးကိရိယာ လက်နက်တွေလည်း ပို့ထားတာ ပြီးမှ ကျွန်တော်တို့ကို တိုက်ခိုက်တာ။ မနေ့ကနဲ့ တစ်နေ့ကတော့ တိုက်ပွဲမရှိပါဘူးဒါပေမဲ့ စစ်ရေး အခြေအနေက တင်းမာနေတုန်းဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တနိုင်းမြို့နယ် တပ်ရင်း (၁၄)နယ်မြေရှိ KIA ရှေ့တန်းတပ်စခန်း တစ်ခုကိုလည်း စစ်ကောင်စီတပ်က ရှထုဇွပ် ပြည်သူ့စစ်တပ်ဖွဲ့နှင့် ပူးပေါင်းပြီး လာရောက်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်က ယခုကဲ့သို့ ထိုးစစ်ဆင်လာသည့်ကိစ္စအပေါ် မေးမြန်းရာ ဗိုလ်မှူးကြီး နော်ဘူက “သူတို့လည်း ငြိမ်းချမ်းရေး ခေါ်တာကို ကျွန်တော်တို့က လာပြီးမဆွေးနွေးတဲ့အခါကျတော့ လာတိုက်တာ နေမှာပေါ့။ နောက်တစ်ခု ရှိတာက အဲဒီ ဆယ်ဇင်းဘက်မှာ ရှမ်းနီ ပြည်သူ့စစ်တွေ လှုပ်ရှားတဲ့ နယ် မြေတွေဖြစ်ပါတယ်။ဆိုတော့ ရှမ်းနီ ပြည်သူ့စစ်တွေရဲ့နေရာတွေများ ချပေးမလား ပေါ့။ နေရာ သတ်မှတ် ပေးမလား စခန်းတွေချပေးမလားပေါ့။ အဲဒါ ပြင်ဆင်နေတာလားမသိဘူး။ နောက် ဝါးရှောင် ဝိုင်းမော် ဘက်မှာလည်း တပ်ရင်း(၃)နယ်မြေဘက်မှာလည်း ရွှေမင်း ပြည်သူ့စစ်တွေ လှုပ်ရှားတဲ့နေရာ တွေဖြစ် ပါတယ်။ ဆိုတော့သူတို့နေရာစခန်းတွေချပေးဖို့ ပြင်ဆင်နေတာလားတော့မသိဘူး”ဟု ပြောကြားသည်။

ထို့ပြင် ရှမ်းမြောက်ဒေသရှိ KIA တပ်ရင်း(၃၄)နယ်မြေနှင့် တပ်ရင်း(၉၉) နယ်မြေတို့၌လည်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ခုနစ်လပိုင်းမှာ စစ်ရေးလှုပ်ရှားတာ သူတို့ တော်တော်ထူးထူးဆန်းဆန်းလှုပ်ရှားတာတွေ့ရပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ ပြည်သူလူထုတွေလည်း စစ်ရေးနိုင်ငံရေးကတော့ နားစွန့်ပြီးမှ အဲဒီ အနေအထားနဲ့ နေဖို့လိုမှာပေါ့။ နောက် ကျွန်တော်တို့ ဝန်ထမ်းတွေအားလုံးလည်း ရှေ့တန်းသမား တွေအားလုံးလည်း စစ်ရေး ပရိယာယ်နဲ့ပေါ့ စည်းမျဉ်းစည်းကမ်းရှိတဲ့အတိုင်း အထူးသတိထားပြီး နေဖို့ အရေးကြီးတဲ့ အချိန်ကာလ ဖြစ်တယ်လို့ ပြောလိုပါတယ်”ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။