Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်ထိုးစစ် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက် လက်မခံ၍ ဖြစ်နိုင်သကဲ့သို့ ပြည်သူ့စစ်များကို တပ်စခန်းနေရာချပေးလို၍ ဖြစ်နိုင်ဟု KIAတာဝန်ရှိသူသုံးသပ်

ဝိုင်းမော်မြို့နယ် ဝါးရှောင်ဒေသရှိ KIA တပ်ရင်း(၃) နယ်မြေသို့ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်မည်ဟု သတင်းရ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ရာ ဇူလိုင် ၁၀ရက်တွင် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီတပ်ထိုးစစ် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက် လက်မခံ၍ ဖြစ်နိုင်သကဲ့သို့ ပြည်သူစစ်များကို တပ်စခန်းနေရာချပေးလို၍ ဖြစ်နိုင်ဟု KIAတာဝန်ရှိသူသုံးသပ်
စစ်ကောင်စီတပ်ထိုးစစ် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက် လက်မခံ၍ ဖြစ်နိုင်သကဲ့သို့ ပြည်သူစစ်များကို တပ်စခန်းနေရာချပေးလို၍ ဖြစ်နိုင်ဟု KIAတာဝန်ရှိသူသုံးသပ်

▪️ရှမ်းနီပြည်သူ့စစ်၊ရွှေမင်းပြည်သူ့စစ်နှင့် ရှထုဇွပ် ပြည်သူစစ်များကို စစ်ကောင်စီတပ်နှင့်တွဲပြီး KIA နယ်မြေများသို့ ထိုးစစ်ဆင်

▪️စစ်ရေးလှုပ်ရှားမှုကြောင့် ပြည်သူလူထုနှင့် ရှေ့တန်းရဲဘော်များ စစ်ရေးသတိဖြင့်နေရမည့် အရေးကြီးသည့် အချိန်ကာလဟု အသိပေး

စစ်ကောင်စီတပ်သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နယ်မြေများသို့ ယခုလအတွင်း ထိုးစစ်ဆင် တိုက်ခိုက်လာ၍ တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယခုလအတွင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ဖားကန့်မြို့နယ်၊ တနိုင်းမြို့နယ်နှင့် ရှမ်းမြောက်ဒေသ မိုးမိတ်နှင့် ကွတ်ခိုင်မြို့နယ်တို့၌ KIAနှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ခဲ့သည်။

ဝိုင်းမော်မြို့နယ် ဝါးရှောင်ဒေသရှိ KIA တပ်ရင်း(၃) နယ်မြေသို့ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်မည်ဟု သတင်းရ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ရာ ဇူလိုင် ၁၀ရက်တွင် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement
Public Service Announcement

“ဒီလ ၁၀ရက်နေ့ကနေ ညနေကနေ တိုက်ပွဲဖြစ်တယ်။ ဒီနေ့ကတော့ မရှိဘူး အခုထက်ထိ မကြားရသေးဘူး။ ဆိုတော့ ၁၀ရက်လောက်ရှိပြီ တိုက်ပွဲတွေ ကြိုကြားကြိုကြား ပြန်ဖြစ်တာ”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် တပ်ရင်း(၂၆)နယ်မြေ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ၌လည်း KIAနှင့် စစ်ကောင်စီတပ်တို့ ဇူလိုင် ၁၆ရက်က တိုက်ပွဲ များ စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အထိနာ၍ တိုက်လေယာဉ်များ ရဟတ်ယာဉ်များ အသုံးပြုတိုက်ခိုက်ခဲ့ရသည်။

စစ်ကောင်စီတပ်ထိုးစစ် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက် လက်မခံ၍ ဖြစ်နိုင်သကဲ့သို့ ပြည်သူစစ်များကို တပ်စခန်းနေရာချပေးလို၍ ဖြစ်နိုင်ဟု KIAတာဝန်ရှိသူသုံးသပ်
စစ်ကောင်စီတပ်ထိုးစစ် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက် လက်မခံ၍ ဖြစ်နိုင်သကဲ့သို့ ပြည်သူစစ်များကို တပ်စခန်းနေရာချပေးလို၍ ဖြစ်နိုင်ဟု KIAတာဝန်ရှိသူသုံးသပ်

“စစ်ကောင်စီဘက်က ရှမ်းနီ ပြည်သူ့စစ်နဲ့ ပူးပေါင်းပြီးမှ သူတို့က စစ်ဆင်ရေး လုပ်နေတာ။ ကျွန်တော်တို့လည်း ခုခံတိုက်ပွဲ ဖြစ်တယ် အဲဒီဘက်မှာ။ သူတို့က လေယာဉ်ပျံနဲ့လည်း ပစ်တယ်။ ဟတ်စကီးတွေနဲ့လည်း ပစ်တယ်။ စစ်အင်အားတွေက လေကြောင်းကနေ ပို့ထားတာ။ စစ်သုံးကိရိယာ လက်နက်တွေလည်း ပို့ထားတာ ပြီးမှ ကျွန်တော်တို့ကို တိုက်ခိုက်တာ။ မနေ့ကနဲ့ တစ်နေ့ကတော့ တိုက်ပွဲမရှိပါဘူးဒါပေမဲ့ စစ်ရေး အခြေအနေက တင်းမာနေတုန်းဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တနိုင်းမြို့နယ် တပ်ရင်း (၁၄)နယ်မြေရှိ KIA ရှေ့တန်းတပ်စခန်း တစ်ခုကိုလည်း စစ်ကောင်စီတပ်က ရှထုဇွပ် ပြည်သူ့စစ်တပ်ဖွဲ့နှင့် ပူးပေါင်းပြီး လာရောက်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်က ယခုကဲ့သို့ ထိုးစစ်ဆင်လာသည့်ကိစ္စအပေါ် မေးမြန်းရာ ဗိုလ်မှူးကြီး နော်ဘူက “သူတို့လည်း ငြိမ်းချမ်းရေး ခေါ်တာကို ကျွန်တော်တို့က လာပြီးမဆွေးနွေးတဲ့အခါကျတော့ လာတိုက်တာ နေမှာပေါ့။ နောက်တစ်ခု ရှိတာက အဲဒီ ဆယ်ဇင်းဘက်မှာ ရှမ်းနီ ပြည်သူ့စစ်တွေ လှုပ်ရှားတဲ့ နယ် မြေတွေဖြစ်ပါတယ်။ဆိုတော့ ရှမ်းနီ ပြည်သူ့စစ်တွေရဲ့နေရာတွေများ ချပေးမလား ပေါ့။ နေရာ သတ်မှတ် ပေးမလား စခန်းတွေချပေးမလားပေါ့။ အဲဒါ ပြင်ဆင်နေတာလားမသိဘူး။ နောက် ဝါးရှောင် ဝိုင်းမော် ဘက်မှာလည်း တပ်ရင်း(၃)နယ်မြေဘက်မှာလည်း ရွှေမင်း ပြည်သူ့စစ်တွေ လှုပ်ရှားတဲ့နေရာ တွေဖြစ် ပါတယ်။ ဆိုတော့သူတို့နေရာစခန်းတွေချပေးဖို့ ပြင်ဆင်နေတာလားတော့မသိဘူး”ဟု ပြောကြားသည်။

ထို့ပြင် ရှမ်းမြောက်ဒေသရှိ KIA တပ်ရင်း(၃၄)နယ်မြေနှင့် တပ်ရင်း(၉၉) နယ်မြေတို့၌လည်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ခုနစ်လပိုင်းမှာ စစ်ရေးလှုပ်ရှားတာ သူတို့ တော်တော်ထူးထူးဆန်းဆန်းလှုပ်ရှားတာတွေ့ရပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ ပြည်သူလူထုတွေလည်း စစ်ရေးနိုင်ငံရေးကတော့ နားစွန့်ပြီးမှ အဲဒီ အနေအထားနဲ့ နေဖို့လိုမှာပေါ့။ နောက် ကျွန်တော်တို့ ဝန်ထမ်းတွေအားလုံးလည်း ရှေ့တန်းသမား တွေအားလုံးလည်း စစ်ရေး ပရိယာယ်နဲ့ပေါ့ စည်းမျဉ်းစည်းကမ်းရှိတဲ့အတိုင်း အထူးသတိထားပြီး နေဖို့ အရေးကြီးတဲ့ အချိန်ကာလ ဖြစ်တယ်လို့ ပြောလိုပါတယ်”ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။