Connect with us

Hi, what are you looking for?

သတင်း

ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးအပေါ် ချမှတ်ထားသည့်​သေဒဏ်ပြစ်ဒဏ်ကို စီရင်ပြီးဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီ၏ သေဒဏ်အတည်ပြုခြင်းသည် တရားမဝင်ကြောင်း၊ စစ်ကောင်စီအနေဖြင့် ဥပဒေမဲ့စွာဖြင့် တရားစီရင်ရေးကို စိတ်ထင်ရာ တစ်ဖက်သတ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ဇွန်လ ၄ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အမတ် ကိုဖြိုးဇေယျာသော်အပါအဝင် ​လေးဦးအပေါ် အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ချမှတ်ထားရာ ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းစာများက ယ​နေ့ သတင်းထုတ်ပြန်သည်။

ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုမျိုး၊ ကိုအောင်သူရဇော် တို့ကို မည်သည့်နေ့ရက်အချိန် တွင်မည်သို့ ပြစ်ဒဏ်စီရင်သည်ကိုမူ ဖော်ပြမထားဘဲ အကျဉ်းထောင် လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီး ဖြစ်သည်ဟု”​ သေဒဏ်ကျခံရမည့်အကျဥ်းသား​၄ ဦးအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒဏ်​ဆောင်ရွက်ပြီးစီး”ဟူ​သော​ ခေါင်းစဥ်ဖြင့် ဇူလိုင် ၂၅ ရက်ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးအပေါ် ချမှတ်ထားသည့်​သေဒဏ်ပြစ်ဒဏ်ကို စီရင်ပြီးဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီထုတ်ပြန်
ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးအပေါ် ချမှတ်ထားသည့်​သေဒဏ်ပြစ်ဒဏ်ကို စီရင်ပြီးဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီက ကိုဖြိုးဇေယျာသော်နှင့် ကိုဂျင်မီတို့အပါအဝင်​လေးဦးကို မိသားစုဝင်များနှင့် ဇူလိုင် ၂၂ ရက်ကအင်းစိန်ထောင်တွင် ပထမဦးဆုံးအကြိမ် တွေ့ခွင့်ပြုခဲ့​သည်။ ထိုသို့​တွေ့ခွင့်ပြုပြီး နှစ်ရက်အကြာတွင် ပြစ်ဒဏ်​ဆောင်ရွက်ပြီးစီးဟုထုတ်ပြန်လာခြင်းဖြစ်သည်။ ဇူလိုင် ၂၃ စ​နေ​နေ့တွင် အကြမ်းဖက်စစ်​ကောင်စီက သတ်ခဲ့ခြင်းဖြစ်​ကြောင်း ကနဦးသတင်းရရှိပြီး၊သီးခြားအတည်ပြုနိုင်ခြင်းမရှိ​သေးပါ။

အကြမ်းဖက် စစ်ကောင်စီ၏ သေဒဏ်အတည်ပြုခြင်းသည် တရားမဝင်ကြောင်း၊ စစ်ကောင်စီအနေဖြင့် ဥပဒေမဲ့စွာဖြင့် တရားစီရင်ရေးကို စိတ်ထင်ရာ တစ်ဖက်သတ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ဇွန်လ ၄ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

Public Service Announcement

Public Service Announcement

ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးအပေါ် ချမှတ်ထားသည့်​သေဒဏ်ပြစ်ဒဏ်ကို စီရင်ပြီးဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီထုတ်ပြန်
ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးအပေါ် ချမှတ်ထားသည့်​သေဒဏ်ပြစ်ဒဏ်ကို စီရင်ပြီးဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီ၏ ဥပဒေမဲ့ တရားစီရင်ခြင်းများ၊ သေဒဏ်အတည်ပြုခြင်းများနှင့် နည်းမျိုးစုံဖြင့် ဥပဒေချိုးဖောက်နေခြင်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချက်ကြောင်း တရားရေးဝန်ကြီးဌာနကထုတ်ပြန်ကာ နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အကျိုးဆက်များအားလုံးအတွက် အကြမ်းဖက် စစ်ကောင်စီက လုံးဝတာဝန်ခံရလိမ့်မည်ဖြစ်သည်ဟု သတိပေးထားသည်။

ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်ရန် စစ်အာဏာရှင်အဖွဲ့အစည်း၏ ထုတ်ပြန်ချက်သည် စစ်အာဏာရှင် အဖွဲ့အစည်းက လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြလျက်ရှိပြီး အမေရိကန် ပြည်ထောင်စုက ပြင်းထန်စွာရှုတ်ချကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇွန်လအတွင်း၌ ပြောကြားထားသည်။ အလားတူ ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ အပါအဝင် ၄ ဦးကို ကွပ်မျက်ရန် စစ်ကောင်စီ၏ ဆောင်ရွက်မှုကို နိုင်ငံတကာက ပြင်းထန်စွာ ရှုတ်ချကြောင်း အသိပေးထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ဂွန်မော်ကလည်း “ နောင်တချိန်မှာ ခွင့်မလွတ်နိုင်လောက်မယ့် အမှားမျိုးတွေရှောင်ရှားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်” ဟု ဇွန်လအတွင်းက ၎င်း၏ Facebookတွင် ရေးသားဖော်ပြထားသည် ။ ထိုသို့ဖော်ပြရာတွင် ကိုဂျင်မီနှင့် ကိုဇေယျာသော် အပါအဝင် ၄ဦးကို ကွက်မျက်ရန် ဆုံးဖြတ်ကြောင်း ကြေညာမှုကို ပြင်းထန်စွာ ရှုတ်ချထားသည့် ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်နှင့်အတူ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြည်တွင်း ပြည်ပမှ စစ်ကောင်စီ၏ သေဒဏ်ပြစ်ဒဏ်စီရင်ရန် ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ရှုတ်ချ သတိပေးထားသော်လည်း ကိုဂျင်မီ၊ ကိုဇေယျာသော် အပါအဝင် လေးဦးကို ပြစ်ဒဏ်စီရင်ပြီးဖြစ်ကြောင်း အကြမ်းဖက်စစ်ကော်စီက၎င်တို့ဝါဒဖြန့် ​ကြေမုံ၊မြန်မာ့အလင်း၊News Iight of Myanmar သတင်းစာများမှတစ်ဆင့် ဇူလိုင် ၂၄ မနက်တွင် ထုတ်ပြန်ခဲ့သည်။

စစ်​ကောင်စီက ၎င်းတို့​လေး​ယောက်ကို သတ်လိုက်သည်ဟု သတင်းထုတ်ပြန်ပြီး​​နောက် သတင်းအတိအကျရရန် မိသားစုမှ သွားရောက်မေးမြန်းနေ​ကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

ကဗျာ

သူ့အကြောင်း တွေးမိရင်ကို ပေါ်လာတဲ့ ဝိသေသတွေက ထင်းခနဲပဲ။သူက နိုင်ငံရေးမှာ ပါတီကို အာရုံမကျဘူး။မတရားမှုမှန်သမျှကို ခါးခါးသီးသီးမုန်းတယ်၊ တွန်းလှန်တယ်၊တရားတာကို မြတ်နိုးတယ်။တရားတဲ့သူသာ နိုင်ကြေးဟေ့ဆိုတာ သူ့အဘိဓမ္မာဘဲ။သူက ဘယ်တုန်းကမှ တစ်ကိုယ်ကောင်း မဆန်ခဲ့ဘူး။ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့လူ။လိုအပ်နေတဲ့သူတွေကို ကူညီပေးရမယ်ဆိုတာ သူ့နိုင်ငံရေးပဲ။သူ နိုင်သလောက် ကူတယ်၊ကူနိုင်တဲ့သူတွေကိုလည်း ကူကြဖို့ တွန်းအားပေးတယ်။အဲ့ဒါ သူ့ဗီဇ။ကျွန်တော်အရမ်းကြိုက်ပြီး...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။