Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းခွဲဝင်ရောက် ပစ်ခတ်မီးရှို့

ယမန်နေ့ (ဇူလိုင်လ၂၄)နေ့က မြိုင်နယ်မြောက်ပိုင်း ဓမ္မသာရရွာသို့ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်မွှေနှောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်၇လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဓမ္မသာရရွာအနောက်ဘက် ဘန့်ဘိုးရွာတွင်လည်း စစ်ကြောင်းတစ်ခုက ဝင်ရောက်မွှေနှောက်ကာ အိမ်များကို ဖျက်​ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသော ဓမ္မသာရကျေးရွာက ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသော ဓမ္မသာရကျေးရွာက ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

▪️ဒေသခံပြည်သူအချို့လည်း လက်နက်ကြီးထိမှန်ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ ကျေးရွာများအား အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းခွဲကာ ဝင်ရောက်ပစ်ခတ် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ဒေသခံပြည်သူအချို့လည်း လက်နက်ကြီးထိမှန် ဒဏ်ရာရရှိထားကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၃ ရက်က မြိုင်နယ် အနောက်​မြောက်ပိုင်းအား စစ်ကြောင်း သုံးကြောင်းခွဲကာ ထိုးလာခဲ့ပြီးကျောက်ကန်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် သီတင်းပင်ကျေးရွာကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်၍ ဒေသခံပြည်သူတစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇူလိုင်လ၂၄)နေ့က မြိုင်နယ်မြောက်ပိုင်း ဓမ္မသာရရွာသို့ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်မွှေနှောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်၇လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဓမ္မသာရရွာအနောက်ဘက် ဘန့်ဘိုးရွာတွင်လည်း စစ်ကြောင်းတစ်ခုက ဝင်ရောက်မွှေနှောက်ကာ အိမ်များကို ဖျက်​ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်၂၃ရက် နေ့လည် ၂နာရီခွဲခန့်က ကျောက်ကန်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီးထွက်လာသော စစ်ကောင်စီတပ်အား ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ နှင့်တပ်ပေါင်းစု မဟာမိတ်တပ်များက ခြုံခိုတိုက်ခိုက်ခဲ့ကြသေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။