Connect with us

Hi, what are you looking for?

သတင်း

ပြင်သစ်ရှိ မြန်မာသံရုံး​ရှေ့တွင် စစ်ကောင်စီတပ်​၏ သေဒဏ်စီရင်ခြင်းခံရသည့် ရဲဘော် ၄ ဦးအတွက် လွမ်းသူ့ပန်းများချ

ထို့အပြင် ပြင်သစ်ရောက် မြန်မာများက ကျဆုံးသွားသည့် သူရဲကောင်း (၄) ဦးအတွက် လေးစားဂုဏ်ယူစွာ အလေးပြုခဲ့ကြပြီး တော်လှန်ရေးကြီး ပိုမိုအရှိန်အဟုန်ပြင်းပြင်းဖြင့် အမြန်ဆုံးအောင်မြင်စေရန် ဆုတောင်းခဲ့ကြသည်။

ဓာတ်ပုံ - AVEC Toi Myanmar
ဓာတ်ပုံ - AVEC Toi Myanmar

ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ မြန်မာသံရုံးရှေ့တွင် ပြင်သစ်နိုင်ငံရောက် မြန်မာများက စစ်ကောင်စီတပ်၏ မတရားသဖြင့် သေဒဏ်ပေး၍ အသတ်ခံရသည့် (၈၈) မျိုးဆက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊ NLD ပါတီအမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့ အာဇာနည်သူရဲကောင်း (၄) ဦးအတွက် ယနေ့ (ဇူလိုင် ၂၆) ၌ ပန်းများချပြီး ဖယောင်းတိုင်များ ထွန်း၍ ဆုတောင်းပေးခဲ့ကြသည်။

ထို့အပြင် ပြင်သစ်ရောက် မြန်မာများက ကျဆုံးသွားသည့် သူရဲကောင်း (၄) ဦးအတွက် လေးစားဂုဏ်ယူစွာ အလေးပြုခဲ့ကြပြီး တော်လှန်ရေးကြီး ပိုမိုအရှိန်အဟုန်ပြင်းပြင်းဖြင့် အမြန်ဆုံးအောင်မြင်စေရန် ဆုတောင်းခဲ့ကြသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့ကို မတရားသဖြင့် သေဒဏ်ချမှတ်၍ သေဒဏ်စီရင်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

သတင်း

ပြင်သစ်နိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။