Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်မြောက်ပိုင်း ကျောက်ကန်ရွာတွင် စစ်ကောင်စီတပ်က ‌ဒေသခံ တစ်ဦးအား သတ်ဖြတ်မီးရှို့၊ နေအိမ်အဆောက်အဦး ၁၀၀ကျော်လည်း မီးရှို့ဖျက်ဆီးသွား

ဇူလိုင်၂၃ရက် နေ့လည် ၂နာရီခွဲခန့်က ကျောက်ကန်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ထွက်လာသော စစ်ကောင်စီတပ်အား ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ နှင့်တပ်ပေါင်းစု မဟာမိတ်တပ်များက ခြုံခိုတိုက်ခိုက်ခဲ့ကြသေးသည်။

(ကျောက်ကန်ကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်)
(ကျောက်ကန်ကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်)

မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းရှိ ကျောက်ကန်ကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ‌ဒေသခံပြည်သူတစ်ဦးအား သတ်ဖြတ်မီးရှို့ပြီး နေအိမ်အဆောက်အဦး ၁၀၀ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇူလိုင် ၂၃ရက်က ကျောက်ကန်ကျေးရွာရှိ လူနေအိမ်နှင့် အဆောက်အဦး စုစုပေါင်း ၁၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ကား ၊ ဆိုင်ကယ် ၊ လှည်းစသည့် အဖိုးတန်ပစ္စည်း အများအပြားပါ မီးလောင်ပျက်စီးခဲ့ရကြောင်း နွေဦးတော်လှန်ရေး-မြိုင်က ထုတ်ပြန်သည်။

ထို့ပြင် ကျောက်ကန်ကျေးရွာမှ အပြစ်မဲ့ပြည်သူတစ်ဦးကိုလည်း အကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ကာ အလောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း နွေဦးတော်လှန်ရေး-မြိုင်က အသိပေးသည်။

“ရွာအနောက်ဘက်က ဆီဆိုင်ကိုမီးရှို့တယ်။ ပြီးတော့အိမ်တွေကိုလည်း ရှို့သွားတာ။ ဘာလို့ရှို့တာ မှန်းကိုမသိတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ကျောက်ကန်ကျေးရွာအပြင် ကျောင်းရပ် ၊ ကျောက်တောင် ၊ သီတင်းပင် ၊ ဘန့်ဘိုးစသည့် ကျေးရွာများကိုလည်း စစ်အုပ်စုက ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ်၏ ဘေးရန်ကြောင့် ကျေးရွာ၇ ရွာထက်မနည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် သီတင်းပင်ကျေးရွာကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်၍ ဒေသခံပြည်သူတစ်ဦး ကျည်ထိမှန်ခဲ့သည်။

(ကျောက်ကန်ကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်)
(ကျောက်ကန်ကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်)

ဇူလိုင်၂၄ရက်ကလည်း မြိုင်နယ်မြောက်ပိုင်း ဓမ္မသာရရွာသို့ စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်မွှေနှောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်၇လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဓမ္မသာရရွာအနောက်ဘက် ဘန့်ဘိုးရွာ တွင်လည်း စစ်ကြောင်းတစ်ခု ဝင်ရောက်မွှေနှောက်ကာ နေအိမ်များကို ဖျက်​ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်၂၃ရက် နေ့လည် ၂နာရီခွဲခန့်က ကျောက်ကန်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ထွက်လာသော စစ်ကောင်စီတပ်အား ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ နှင့်တပ်ပေါင်းစု မဟာမိတ်တပ်များက ခြုံခိုတိုက်ခိုက်ခဲ့ကြသေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်