Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူများကို ဆက်လက်အားပေးထောက်ခံကြောင်း အီးယူနှင့် အင်အားကြီးနိုင်ငံခြားရေးဝန်ကြီးရှစ်ဦး ပူးတွဲထုတ်ပြန်

ဆက်လက်ပြီး ပူးတွဲထုတ်ပြန်ချက်၌ အကြမ်းဖက်လုပ်ရပ်များ အသုံးပြုခြင်းကို အဆုံးသတ်ရေး၊ ပြည်သူများ၏ဆန္ဒကို လေးစားလိုက်နာရေးနှင့် တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည် ပို့ဆောင်ရေးတို့ကို စစ်အာဏာရှင်အား တောင်းဆိုသည်။

(ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦးအား အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်ခဲ့မှုအပေါ် ထိုင်းရောက်မြန်မာလုပ်သားများ ယနေ့ မြန်မာသံရုံးရှေ့၌ ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - People’s Spring)
(ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦးအား အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်ခဲ့မှုအပေါ် ထိုင်းရောက်မြန်မာလုပ်သားများ ယနေ့ မြန်မာသံရုံးရှေ့၌ ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - People’s Spring)

လွတ်လပ်မှုနှင့် ဒီမိုကရေစီအရေးအတွက် ပြင်းပြသောဆန္ဒရှိသည့်မြန်မာပြည်သူ များကို အားပေး ထောက်ခံကြောင်း အီးယူနှင့် အင်အားကြီးနိုင်ငံခြားရေးဝန်ကြီး ရှစ်ဦးတို့က ပူးတွဲထုတ်ပြန်သည်။

ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်နှင့် သြစတေးလျ၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဗြိတိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံတွင် ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို စစ်အာဏာရှင်အဖွဲ့အစည်းက ကွပ်မျက်မှုအပေါ် ရှုတ်ချသည့် ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို မြန်မာစစ်အာဏာ ရှင်အဖွဲ့အစည်းက ကွပ်မျက်မှုများသည် အများကမေးငေါ့အပြစ်တင်သည့် အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး အာဏာရှင်အဖွဲ့အစည်းသည် လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဂရုမထားကြောင်း ဆက်လက်သာဓကပြလျက်ရှိပါသည်”ဟု ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

ဆက်လက်ပြီး ပူးတွဲထုတ်ပြန်ချက်၌ အကြမ်းဖက်လုပ်ရပ်များ အသုံးပြုခြင်းကို အဆုံးသတ်ရေး၊ ပြည်သူများ၏ဆန္ဒကို လေးစားလိုက်နာရေးနှင့် တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည် ပို့ဆောင်ရေးတို့ကို စစ်အာဏာရှင်အား တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရန်၊ အကျဉ်းထောင်များအတွင်း သို့ ပြည့်ပြည့်ဝဝ လွတ်လွတ်လပ်လပ်ဝင်ရောက်တွေ့ဆုံခွင့်ပြုရန် နှင့် အာဆီယံဘုံသဘောတူညီချက်ငါးရပ်အရ လိုက်နာဆောင်ရွက်ရန်လိုအပ်သည့် နှစ်ဦးနှစ်ဖက်ဆွေးနွေးမှုအားဖြင့် ငြိမ်းချမ်းရေးကို ရှာဖွေရန်နှင့် အကြမ်းဖက်မှုများဆက်လက်မကျူးလွန်ရန် စစ်အာဏာရှင်အဖွဲ့ကို ပူးတွဲတိုက်တွန်းသည်။

မတရားကွပ်မျက်ခံရသည့်သူများအတွက် ပူဆွေးသောကရောက်လျက်ရှိသည့် မိသားစုများ၊ ချစ်ခင်သူများအားလုံးနှင့်ထပ်တူ မိမိတို့လည်း ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနှင့် အာဏာသိမ်းပြီးသည့်အချိန်မှစပြီး ကျဆုံးခဲ့ကြသူများအားလုံးကို မိမိတို့ အမှတ်ရကာ ဝမ်းနည်းပူဆွေးရကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အစည်းအဝေး တက်ရောက်ရင်း တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့ပါတယ်။

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။