Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု၏ လူမဆန်သည့်လုပ်ရပ်အပေါ် ပြည်သူအားလုံးတက်နိုင်သည့် ဘက်က ဆန့်ကျင်တော်လှန်ရန် CNO/CNDF တိုက်တွန်း

ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား စစ်ကောင်စီက မတရား သေဒဏ်စီရင်မှုအပေါ်CNO/CNDFက သဘော ထားထုတ်ပြန်ရာ၌ ယင်းသို့ဖော်ပြခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အာဏာကို မတရားလုယူသည့် အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်၊ရက်စက် ကြမ်းကြုတ် သည့်လုပ်ရပ်အပေါ် ပြည်ထောင်စုဖွားတိုင်းရင်းသား လူမျိုးများအားလုံးနှင့် နိုင်ငံတကာရောက် မြန်မာပြည်သူများအနေဖြင့် အရှိန်အဟုန်မြင့်၍ ဖက်စစ်စစ်အုပ်စုအား မိမိတို့တတ်နိုင်သည့်ဘက်မှ ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်ကြရန် ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသား များကာကွယ်ရေး တပ်(CNO/CNDF)က ယနေ့ ထုတ်ပြန်သည်။

ထို့ပြင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း ဒီမိုကရေစီစနစ် ထိန်းသိမ်းကာကွယ်နိုင်ရန် မြန်မာပြည်သူလူထုဘက်မှ အားပေး ထောက်ခံပြီးပံ့ပိုးကူညီပေးရန် အလေးအနက် တိုက်တွန်း ကြောင်းလည်း ဖော်ပြထားသည်။

ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား စစ်ကောင်စီက မတရား သေဒဏ်စီရင်မှုအပေါ်CNO/CNDFက သဘော ထားထုတ်ပြန်ရာ၌ ယင်းသို့ဖော်ပြခဲ့ခြင်း ဖြစ်သည်။

စစ်အုပ်စု၏ လူမဆန်သည့်လုပ်ရပ်အပေါ် ပြည်သူအားလုံးတက်နိုင်သည့် ဘက်က ဆန့်ကျင်တော်လှန်ရန် CNO/CNDF တိုက်တွန်း
စစ်အုပ်စု၏ လူမဆန်သည့်လုပ်ရပ်အပေါ် ပြည်သူအားလုံးတက်နိုင်သည့် ဘက်က ဆန့်ကျင်တော်လှန်ရန် CNO/CNDF တိုက်တွန်း

၎င်းတို့လေးဦးအား အကြမ်းဖက်စစ်အုပ်စုက မတရားသေဒဏ်စီရင်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်သည့် သတင်းကြောင့် များစွာတုန်လှုပ်ခြောက်ခြား မိသည့်အပြင် ၎င်းတို့၏မိသားစုများ နှင့်အတူ ဝမ်းနည်းကြေကွဲရပါကြောင်း CNO/CNDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဤကဲ့သို့ မတရားသေဒဏ်ချမှတ်ခံရသည့် ပြစ်ဒဏ်စီရင်ခြင်းအပေါ် ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း နှင့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အပါအဝင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်သူရဲကောင်းများ အားလုံးဦးညွှတ် အလေးနီပြုကြောင်း ဖော်ပြခဲ့သည်။

“ကျန်ရစ်သူမိသားစုများအပေါ် လူတို့ကြံစည်၍မမှီနိုင်သော ဘုရားသခင် ထံတော်မှ လာသည့် ငြိမ်သက်ခြင်း ရှိပါစေ။”ဟုလည်း CNO/CNDFက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။