Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူ – မြိုင်လမ်းမကြီးအား ယာယီပိတ်၍ စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်မှုပြုလုပ်သွားမည်ဟု ပခုက္ကူမြို့ပြပြောက်ကျားတပ် အသိပေး

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့နှင့် အရှေ့တောင်ပိုင်း ဖြစ်သည့် ပေခုနှစ်ပင် -ပုသိမ် မုံရွာလမ်း၊ ယာကြီးပြင်ကျေး ပုသိမ်-မုံရွာ ဆိပ်ဖြူလမ်းပိုင်းအား မည်သည့်ယာဥ်အမျိုးအစားမှ ဖြတ်သန်းသွားလာ​ခြင်း မပြုရန် ​ဒေသတွင်းPDFအဖွဲ့များက သတိပေးသည်။

(ပခုက္ကူ - မြိုင်လမ်းပေါ် ဒေသတွင်း PDFအဖွဲ့များက စစ်ဆေးနေစဥ်။)
(ပခုက္ကူ - မြိုင်လမ်းပေါ် ဒေသတွင်း PDFအဖွဲ့များက စစ်ဆေးနေစဥ်။)

မကွေးတိုင်း၊ ပခုက္ကူ – မြိုင်လမ်းမကြီးအား ယာယီပိတ်၍ အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့ (ဇူလိုင်၂၇ရက်) သတိပေးကြေညာသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပခုက္ကူ- မြိုင် လမ်းမကြီးတလျှောက်ရှိကျေးရွာများအား အင်အားများစွာဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအားဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်နေသည်။

ထို့ကြောင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် လက်ရှိအချိန်တွင် စစ်ရေးလိုအပ်ချက်အရ ပခုက္ကူ-မြိုင် လမ်းမကြီးအား ယာယီပိတ်ဆို့၍ အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ပြည်သူများအနေဖြင့် စစ်ကြောင်းဖြတ်သန်းရာလမ်းကြောင်းများအား အထူးသတိပြုရှောင်ရှားကြရန်နှင့် ပြည်သူများ၏ ပူးပေါင်းကူညီဆောင်ရွက်မှုကို အရေးတကြီးလိုအပ်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ယခုကြေညာချက်ထုတ်ပြန်သည့်အချိန်မှစ၍ နောက်ထပ်တစုံတရာ မထုတ်ပြန်မချင်း ပခုက္ကူ – မြိုင် လမ်းမကြီးအား ဖြတ်သန်းသွားလာခြင်း အသုံးပြုခြင်းမပြုလုပ်ကြရန် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ထပ်မံသတိပေးသည်။

Public Service Announcement

Public Service Announcement

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့နှင့် အရှေ့တောင်ပိုင်း ဖြစ်သည့် ပေခုနှစ်ပင် -ပုသိမ် မုံရွာလမ်း၊ ယာကြီးပြင်ကျေး ပုသိမ်-မုံရွာ ဆိပ်ဖြူလမ်းပိုင်းအား မည်သည့်ယာဥ်အမျိုးအစားမှ ဖြတ်သန်းသွားလာ​ခြင်း မပြုရန် ​ဒေသတွင်းPDFအဖွဲ့များက သတိပေးသည်။

သတိပေးတားမြစ်ချက်များ မလိုက်နာဘဲ ဖြတ်သန်းသွားလာပါက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ လုံးဝ တာဝန်ယူဖြေရှင်းပေးမည်မဟုတ် ကြောင်း ဒေသတွင်းအဖွဲ့များက သတ်ိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်ဒေသတွင်းက ရဲဘော်တွေဟာ မြိုင်မြို့နယ်အတွင်းရောက်နေတဲ့ စစ်တပ် စစ်ကြောင်းကို တားဆီးဖို့ မိုးထဲရေထဲမှာ ကြိုးစားနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။