Connect with us

Hi, what are you looking for?

သတင်း

လှိုင်မြို့နယ်တွင် လူငယ်များ ဆန္ဒပြပွဲအပြီး စစ်ကောင်စီတပ်က ရပ်ကွက်စျေး အတွင်း ဝင်ရောက်သောင်းကျန်း

ဆန္ဒပြပွဲအပြီး ညနေ ၅နာရီခွဲ၌ အကြမ်းဖက် စစ်ကောင်စီဝင်များ ရောက်ရှိ လာကာ အနောက်ပေ ၅၀ လမ်းနှင့် ပါရမ်ီလမ်းကိုပိတ်ပြီး မာလာမြိုင်(၆) လမ်းထိပ်၌ ရပ်ကွက်နေပြည်သူများနှင့် စျေးသည်များကို ဒူးထောက်ခိုင်း၍ အော်ဟစ်ဆဲဆို ကန်ကြောက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောသည်။

ဓာတ်ပုံ - Hlaing Info
ဓာတ်ပုံ - Hlaing Info

စျေးသည်များ၏ ပစ္စည်းများကို အဓမ္မလုယူသွား

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ယနေ့ (ဇူလိုင် ၂၈) ညနေပိုင်း၌ တော်လှန်လူငယ် များ၏ စစ်အာဏာရှင် ဆန့်ကျင်​ရေး ဆန္ဒပြပွဲအပြီး အကြမ်းဖက် စစ်ကောင်စီဝင် များ ရောက်ရှိလာကာ ရပ်ကွက်စျေးအတွင်း ဝင်ရောက် သောင်းကျန်း ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ညနေပိုင်းတွင် လှိုင်မြို့နယ် (၁၆) ရပ်ကွက် စျေးအနီး၌ လူငယ်များက “တော်လှန်ရေး အတွက်လုပ်နေတာ ငါတို့ သရဏဂုံမတင်နိုင်ဘူး” ဆိုသည့် စစ်ကောင်စီကို အပြတ်သားဆုံး ရင်ဆိုင်ပြခဲ့သည့် တော်လှန်ရေးစာသားပါ ဘန်ဒါကို ဆွဲကိုင်ပြီး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး ကြွေးကြော်၍ ချီတက်ဆန္ဒပြခဲ့သည်။

ဆန္ဒပြပွဲအပြီး ညနေ ၅နာရီခွဲ၌ အကြမ်းဖက် စစ်ကောင်စီဝင်များ ရောက်ရှိ လာကာ အနောက်ပေ ၅၀ လမ်းနှင့် ပါရမ်ီလမ်းကိုပိတ်ပြီး မာလာမြိုင်(၆) လမ်းထိပ်၌ ရပ်ကွက်နေပြည်သူများနှင့် စျေးသည်များကို ဒူးထောက်ခိုင်း၍ အော်ဟစ်ဆဲဆို ကန်ကြောက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောသည်။

” ရပ်ကွက်ကလူတွေရော လမ်းဘေးက စျေးသည် အန်တီတွေလည်းပါတယ်။ ဒူးထောက်ခိုင်းပြီး မော့ မကြည့်ခိုင်းဘူး။ မော့ကြည့်လို့ဆိုပြီး တစ်ယောက် အကန်ခံလိုက်ရတယ်။(၆)လမ်းထိပ် လက်ဖက်ရည်ဆိုင်က ဖျော်ရည်ဆရာကိုလည်း ဆဲဆိုပြီး ကန်တဲ့အပြင် လဲကျတာကိုတောင် အပေါ်ကနေ ထပ်ကန်သွားတယ်။ ဒလန်နှစ်ကောင်လည်း ပါတယ်။ သူတို့က စစ်သားတွေထပ် ပိုသောင်းကျန်းပြီး ဆဲဆိုသွားတယ် “ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် စျေးသည်များ၏ လှည်းများ၊ ဆိုင်လင်းများ၊ ပစ္စည်းများကို ဖျက်ဆီးခဲ့သည့်အပြင် ပစ္စည်းအချို့ကိုလည်း လုယူသွားကြောင်း သိရသည်။

“စစ်သားတွေက ၇ နာရီလောက်မှ ပြန်သွားတယ်။ စျေးထဲမှာ ရောင်းတဲ့ စျေးဗန်းတွေ၊ လှည်းတွေ ကို ဖျက်ဆီးသွားတဲ့အပြင် စျေးထဲကရောင်းတဲ့ အသီးရွက်တွေ၊ အရက်ဖာ ပစ္စည်းကိုလည်း စစ်ကားပေါ်တင်ပြီး သိမ်းသွားတယ် “ဟု လှိုင်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်ကလည်း လှည်းတန်း ပေ(၅၀)လမ်းရှိ စျေးသည်များ၏ စျေးဗန်းများ၊ စျေးဆိုင်ခုံများကို အကြမ်းဖက် စစ်ကောင်စီဝင် များက မီးရှို့ဖျက်ဆီး ရမ်းကားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တိုက်ပွဲများအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အထိနာသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေစဉ်ဒေသခံပြည်သူ၄၀၀ကျော်ခိုလှုံနေသည့်ဘုန်းကြီးကျောင်းကို စစ်ကောင်စီကယနေ့ (မေလ ၈ရက်)လေကြောင်းမှ ဗုံးကြဲသောကြောင့် စစ်ရှောင် ၁၅ဦးထက်မနည်းသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့​ကြောင်း ဗန်း​မော်မြို့တိုက်ပွဲသတင်းများ​ဖော်ပြ​ပေး​နေ​သော Banmaw Scout Team နှင့်​ဒေသခံအချို့က​ပြောသည်။

Facebook