Connect with us

Hi, what are you looking for?

သတင်း

လှိုင်မြို့နယ်တွင် လူငယ်များ ဆန္ဒပြပွဲအပြီး စစ်ကောင်စီတပ်က ရပ်ကွက်စျေး အတွင်း ဝင်ရောက်သောင်းကျန်း

ဆန္ဒပြပွဲအပြီး ညနေ ၅နာရီခွဲ၌ အကြမ်းဖက် စစ်ကောင်စီဝင်များ ရောက်ရှိ လာကာ အနောက်ပေ ၅၀ လမ်းနှင့် ပါရမ်ီလမ်းကိုပိတ်ပြီး မာလာမြိုင်(၆) လမ်းထိပ်၌ ရပ်ကွက်နေပြည်သူများနှင့် စျေးသည်များကို ဒူးထောက်ခိုင်း၍ အော်ဟစ်ဆဲဆို ကန်ကြောက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောသည်။

ဓာတ်ပုံ - Hlaing Info
ဓာတ်ပုံ - Hlaing Info

စျေးသည်များ၏ ပစ္စည်းများကို အဓမ္မလုယူသွား

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ယနေ့ (ဇူလိုင် ၂၈) ညနေပိုင်း၌ တော်လှန်လူငယ် များ၏ စစ်အာဏာရှင် ဆန့်ကျင်​ရေး ဆန္ဒပြပွဲအပြီး အကြမ်းဖက် စစ်ကောင်စီဝင် များ ရောက်ရှိလာကာ ရပ်ကွက်စျေးအတွင်း ဝင်ရောက် သောင်းကျန်း ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ညနေပိုင်းတွင် လှိုင်မြို့နယ် (၁၆) ရပ်ကွက် စျေးအနီး၌ လူငယ်များက “တော်လှန်ရေး အတွက်လုပ်နေတာ ငါတို့ သရဏဂုံမတင်နိုင်ဘူး” ဆိုသည့် စစ်ကောင်စီကို အပြတ်သားဆုံး ရင်ဆိုင်ပြခဲ့သည့် တော်လှန်ရေးစာသားပါ ဘန်ဒါကို ဆွဲကိုင်ပြီး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး ကြွေးကြော်၍ ချီတက်ဆန္ဒပြခဲ့သည်။

ဆန္ဒပြပွဲအပြီး ညနေ ၅နာရီခွဲ၌ အကြမ်းဖက် စစ်ကောင်စီဝင်များ ရောက်ရှိ လာကာ အနောက်ပေ ၅၀ လမ်းနှင့် ပါရမ်ီလမ်းကိုပိတ်ပြီး မာလာမြိုင်(၆) လမ်းထိပ်၌ ရပ်ကွက်နေပြည်သူများနှင့် စျေးသည်များကို ဒူးထောက်ခိုင်း၍ အော်ဟစ်ဆဲဆို ကန်ကြောက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောသည်။

” ရပ်ကွက်ကလူတွေရော လမ်းဘေးက စျေးသည် အန်တီတွေလည်းပါတယ်။ ဒူးထောက်ခိုင်းပြီး မော့ မကြည့်ခိုင်းဘူး။ မော့ကြည့်လို့ဆိုပြီး တစ်ယောက် အကန်ခံလိုက်ရတယ်။(၆)လမ်းထိပ် လက်ဖက်ရည်ဆိုင်က ဖျော်ရည်ဆရာကိုလည်း ဆဲဆိုပြီး ကန်တဲ့အပြင် လဲကျတာကိုတောင် အပေါ်ကနေ ထပ်ကန်သွားတယ်။ ဒလန်နှစ်ကောင်လည်း ပါတယ်။ သူတို့က စစ်သားတွေထပ် ပိုသောင်းကျန်းပြီး ဆဲဆိုသွားတယ် “ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် စျေးသည်များ၏ လှည်းများ၊ ဆိုင်လင်းများ၊ ပစ္စည်းများကို ဖျက်ဆီးခဲ့သည့်အပြင် ပစ္စည်းအချို့ကိုလည်း လုယူသွားကြောင်း သိရသည်။

“စစ်သားတွေက ၇ နာရီလောက်မှ ပြန်သွားတယ်။ စျေးထဲမှာ ရောင်းတဲ့ စျေးဗန်းတွေ၊ လှည်းတွေ ကို ဖျက်ဆီးသွားတဲ့အပြင် စျေးထဲကရောင်းတဲ့ အသီးရွက်တွေ၊ အရက်ဖာ ပစ္စည်းကိုလည်း စစ်ကားပေါ်တင်ပြီး သိမ်းသွားတယ် “ဟု လှိုင်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်ကလည်း လှည်းတန်း ပေ(၅၀)လမ်းရှိ စျေးသည်များ၏ စျေးဗန်းများ၊ စျေးဆိုင်ခုံများကို အကြမ်းဖက် စစ်ကောင်စီဝင် များက မီးရှို့ဖျက်ဆီး ရမ်းကားခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။

ဆောင်းပါး

​အရင်က ကျေးလက်ဒေသတွေ၊ မြို့ငယ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာသာ ကြားလေ့ရှိတဲ့ "ပေါ်တာဆွဲတယ်" ဆိုတဲ့ ကြောက်မက်ဖွယ် စကားလုံးဟာ အခုဆိုရင် ရန်ကုန်မြို့ပြကြီးရဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်လာပြီး ဧည့်ခန်းမှာ မိန့်မိန့်ကြီး နေရာယူလိုက်ပါပြီ။ မိဘတွေဟာ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်သားသမီး ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ သောကနဲ့ ညစဉ် အိပ်မပျော်နိုင်ကြတော့ပါဘူး။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။