Connect with us

Hi, what are you looking for?

သတင်း

ဓာတ်ငွေ့ပိုက်လိုင်းနှင့် ဓာတ်အားလိုင်းများ PDFက မိုင်းခွဲဖျက်ဆီးသည်ဟုဆို သည်မှာ လုပ်ကြံဖန်းတီး ဝါဒဖြန့်မှုသာဟု တာဝန်ရှိသူပြော

“မိုင်းပေါက်ကွဲတဲ့အချိန်ကို အမိအရ ဓာတ်ပုံရိုက်ထားတာ၊ ဒါကမျိုးက အချိန်ကိုက်ရိုက်ရတာကို ဓာတ်ပုံရိုက်သူတိုင်းသိပါတယ်။ မိုင်းခွဲမယ်အချိန်နဲ့ ဓာတ်ပုံရိုက်ချိန် ချိန်သားကိုက်မှ ဒီလိုမျိုးပုံရတာ”ဟု ဝါရင့် ဓာတ်ပုံဆရာတစ်ဦး က မှတ်ချက်ပေးသည်။

(PDF က ဖျက်ဆီးသည်ဟုဆိုကာ စစ်ကောင်စီက လုပ်ကြံဖန်တီးပြသထားသော ရုပ်ပုံများကို တွေ့ရစဥ်)
(PDF က ဖျက်ဆီးသည်ဟုဆိုကာ စစ်ကောင်စီက လုပ်ကြံဖန်တီးပြသထားသော ရုပ်ပုံများကို တွေ့ရစဥ်)

လူထုတော်လှန်ရေးကို ပြည်သူလူထုက အထင်လွှဲမှားစေရန် ဓာတ်ငွေ့ပိုက်လိုင်း နှင့် ဓာတ်အား လိုင်းများကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)က မိုင်းခွဲဖျက်ဆီးခဲ့ သည်ဟု စစ်ကောင်စီက စနစ်တကျ ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက အကြီးတန်း အရာရှိတစ်ဦးက People’s Springသို့ ပြောကြားသည်။

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဇောတိက ဓာတ်ငွေ့ပိုက်လိုင်းကို ဇူလိုင် ၂၄ ရက်တွင်လည်းကောင်း၊ ရွှေစာရံ-တံခွန်တိုင် ၁၃၂ ကေဗီ ဓာတ်အားလိုင်း တာဝါကို မူလီများဖြုတ်၍ ပြိုလဲအောင် လည်းကောင်း PDFများဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်အပေါ် အဆိုပါ အရာရှိက မှတ်ချက်ပေးခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ဝါဒဖြန့်ချီရာတွင် ဇောတိက ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခံရ ခြင်းကြောင့် ဓာတ်အားထုတ်လုပ်မှု မဂ္ဂါဝပ် ၂၀၀ လျော့ကျခဲ့ရပြီး ဓာတ်အားလိုင်းများပြတ်တောက်ခြင်းကြောင့် မဂ္ဂါဝပ် ၁၁၂၀လျော့ခဲ့ရသည်ဟု ဆိုသည်။

(PDF က ဖျက်ဆီးသည်ဟုဆိုကာ စစ်ကောင်စီက လုပ်ကြံဖန်တီးပြသထားသော ရုပ်ပုံများကို တွေ့ရစဥ်)
(PDF က ဖျက်ဆီးသည်ဟုဆိုကာ စစ်ကောင်စီက လုပ်ကြံဖန်တီးပြသထားသော ရုပ်ပုံများကို တွေ့ရစဥ်)

“ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ပုံတွေက PDFကြောင့်ဖြစ်တဲ့ပုံတွေ မဟုတ်ဘူးဗျ၊ ဝါဒဖြန့်ဖို့ သက်သက် လုပ်ထားတဲ့ ပုံတွေ”ဟု အဆိုပါအရာရှိက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ပုံများတွင် လက်ရှိကာလတွင် ဖြစ်ပွားခဲ့သည့် ပုံများ မဟုတ်ကြောင်းကိုလည်း ဓာတ်ပုံများကို ကြည့်၍ ခန့်မှန်းနိုင်သည်ဟုလည်း ၎င်းကဆိုသည်။

(PDF က ဖျက်ဆီးသည်ဟုဆိုကာ စစ်ကောင်စီက လုပ်ကြံဖန်တီးပြသထားသော ရုပ်ပုံများကို တွေ့ရစဥ်)
(PDF က ဖျက်ဆီးသည်ဟုဆိုကာ စစ်ကောင်စီက လုပ်ကြံဖန်တီးပြသထားသော ရုပ်ပုံများကို တွေ့ရစဥ်)

စစ်ကောင်စီက ဝါဒဖြန့်ရာတွင် ဓာတ်အားလိုင်းပျက်စီးသည့် တာဝါတိုင် ၂ တိုင်ပုံနှင့် ဓာတ်ငွေ့ပိုက် လိုင်းဖောက်ခံခွဲရသည်ဟူသော ဓာတ်ပုံများလည်း ပါဝင်နေသည်။

“မိုင်းပေါက်ကွဲတဲ့အချိန်ကို အမိအရ ဓာတ်ပုံရိုက်ထားတာ၊ ဒါကမျိုးက အချိန်ကိုက်ရိုက်ရတာကို ဓာတ်ပုံရိုက်သူတိုင်းသိပါတယ်။ မိုင်းခွဲမယ်အချိန်နဲ့ ဓာတ်ပုံရိုက်ချိန် ချိန်သားကိုက်မှ ဒီလိုမျိုးပုံရတာ”ဟု ဝါရင့် ဓာတ်ပုံဆရာတစ်ဦး က မှတ်ချက်ပေးသည်။

(PDF က ဖျက်ဆီးသည်ဟုဆိုကာ စစ်ကောင်စီက လုပ်ကြံဖန်တီးပြသထားသော ရုပ်ပုံများကို တွေ့ရစဥ်)
(PDF က ဖျက်ဆီးသည်ဟုဆိုကာ စစ်ကောင်စီက လုပ်ကြံဖန်တီးပြသထားသော ရုပ်ပုံများကို တွေ့ရစဥ်)

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ပိုမိုများပြားလာပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများလည်း ကျဆင်းလာသည်။ အရပ်သားအစိုးရလက်ထက်က ဆောင်ရွက်ခဲ့သည့် နွေရာသီမီးလင်းရေး LNG(သဘာဝဓာတ်ငွေ့ရည်) သုံး ဓာတ်အားပေးစက်ရုံများ နှင့်နေရောင်ခြည် သုံးဓာတ်အားပေး စက်ရုံများလည်း ရပ်တန်ကုန်သည်။

ပြည်သူလူထုက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် လျှပ်စစ်မီတာခများ မပေးဆောင်ဘဲ ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည်။

ဂျပန်သတင်းဌာနတစ်ခုဖြစ်သည့် Nikkei Asia၏ ရေးသားချက်အရ လျှပ်စစ်မီတာခရရန် ဒေါ်လာ တစ်ဘီလီယံအကြွေးရှိနေသည်ဟု ဖော်ပြထား သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်လမ်းဆုံမှာ စစ်တပ်က သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့တဲ့ အမျိုးသားလေးဦးဟာ နာဂPDF ရဲဘော်တစ်ဦးနဲ့ ရခိုင်တိုင်းရင်းသားသုံးဦးဖြစ်တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဆီသို့လှမ်းချီ ‘Road to Tenasserim’ ကမ်ပိန်းက အမေရိကန်ဒေါ်လာ ၁ သိန်း ၆ သောင်းကျော် ထောက်ပို့ကူညီခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

■စစ်အုပ်စုကPDF ရဲဘော်အချို့ကိုလိမ်လည်စည်းရုံး၊တော်လှန်ရေးနယ်မြေသတင်းတွေတန်ပြန် ထောက်လှမ်း၊ ​တော်လှန်​ရေးတပ်​တွေရဲ့ထောင် ၊ ဆေးခန်း နဲ့ အရာရှိနေထိုင်ရာနေရာတွေကိုအဓိက မေးပြီး လေကြောင်းဗုံးကြဲ ​ဧပြီ-၉၊၂၀၂၆။ဟာနာဆန်၊ထားမြတ်/People’s Spring ​ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)ရဲ့ နယ်မြေအတွင်း သတင်းထောက်လှမ်းဖို့ စေလွှတ်ခြင်းခံရတဲ့ ရဲဘော်ဟောင်းတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ထောက် လှမ်းရေးကွန်ယက်လည်ပတ်ပုံတွေကိုအသေးစိတ် Public Service...

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ ၅ဦး ထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း မကွေးခရိုင်၊ စစ်ဌာနကွပ်ကဲမှုအောက်ရှိ မကွေးခရိုင်အမှတ်(၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook