Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင်အိမ်​လေလံ ​ဒေါ်လာ ကိုးသန်း​ကျော်ဖိုး​ရောင်ပြီး၊ ရောင်းရန်အစုရှယ်ယာ၉၀၀၀ကျော်သာကျန်

မင်း​အောင်လှိုင်၏ အင်းလျားလမ်းအိမ်ရောင်ပြီးပါက မင်း​အောင်လှိုင်၏ ကျန်​နေအိမ်များ ၊ စီမံကိန်းများ၊အများပြည်သူနှင့် ဆိုင်သောစီမံကိန်းများ စတင်တော့မည်ဟု NUG၏ ရှယ်ယာရောင်းချရေးအဖွဲ့ EODထံမှသိရသည်။

အာဏာသိမ်း​ခေါင်း​ဆောင်အိမ်​လေလံ ​ဒေါ်လာ ကိုးသန်း​ကျော်ဖိုး​ရောင်ပြီး၊ရောင်းရန်အစုရှယ်ယာ၉၀၀၀ကျော်သာကျန်
အာဏာသိမ်း​ခေါင်း​ဆောင်အိမ်​လေလံ ​ဒေါ်လာ ကိုးသန်း​ကျော်ဖိုး​ရောင်ပြီး၊ရောင်းရန်အစုရှယ်ယာ၉၀၀၀ကျော်သာကျန်အာဏာသိမ်း​ခေါင်း​ဆောင်အိမ်​လေလံ ​ဒေါ်လာ ကိုးသန်း​ကျော်ဖိုး​ရောင်ပြီး၊ရောင်းရန်အစုရှယ်ယာ၉၀၀၀ကျော်သာကျန်

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မတရားရယူထားသည့် အင်းလျားလမ်း အမှတ် ၁၄ အိမ်ကို အမျိုးသားညီညွတ်​ရေးအစိုးရ( NUG)က လေလံတင်ရောင်းချ​နေရာ​ဒေါ်လာ ၉ သန်း​ကျော်ဖိုး​ရောင်းချပြီးဖြစ်၍​ရောင်းရန် အစုရှယ်ယာ ၉၀၀၀ကျော် (​ဒေါ်လာကိုးသိန်​ကျော်)သာကျန်ရှိတော့ကြောင်းအရောင်းကိုယ်စားလှယ်များက​ပြောသည်။

အာဏာသိမ်းခေါင်းဆောင်သိမ်းယူထား​သောအိမ်ကို NUGက ဒေါ်လာ ၁၀သန်းတန်ဖိုးရှိ အစုရှယ်ယာ တစ်သိန်းကို မေ ၅ ရက်ကစတင်ထုတ်ရောင်းပြီး ယနေ့ အထိအစုရှယ်ယာပေါင်း ကိုးသောင်းကျော်ကို ရောင်းချပြီးဖြစ်သည်။

အာဏာသိမ်း​ခေါင်း​ဆောင်အိမ်​လေလံ ​ဒေါ်လာ ကိုးသန်း​ကျော်ဖိုး​ရောင်ပြီး၊ရောင်းရန်အစုရှယ်ယာ၉၀၀၀ကျော်သာကျန်
အာဏာသိမ်း​ခေါင်း​ဆောင်အိမ်​လေလံ ​ဒေါ်လာ ကိုးသန်း​ကျော်ဖိုး​ရောင်ပြီး၊ရောင်းရန်အစုရှယ်ယာ၉၀၀၀ကျော်သာကျန်

ဇူလိုင် ၂၇ ရက်တွင်​ရောင်းရန်ကျန်နေသေးသည့် ရှယ်ယာ ၁၂,၀၀၀(တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၂ သန်း) ကို “14 Inya Final Call” အဖြစ် ဇူလိုင် ၂၇ မှ ဩဂုတ် ၅ ရက်နေ့ထိ NUGက ရောင်းချနေခြင်းဖြစ်သည်။

၁၀ ရက်​အတွင်းအပြီးရောင်းချမည့် “14 Inya Final Call”ဒုတိယနေ့ မြန်မာအချိန်ည ၉ နာရီ​ကျော်တွင် အစုရှယ်ယာ၉၈၀၀ ​ကျော်သာကျန်ရှိ​တော့​ကြောင်းအ​ရောင်းကိုယ်စားလှယ်အချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီရှယ်ယာတွေက မကြာခင်ကုန်တော့မှာ”ဟု ရှယ်ယာရောင်းချပေးသည့် ကိုယ်စားလှယ်တစ်ဦးကပြောသည်။

အာဏာသိမ်းအကြမ်းဖက်​ခေါင်းဆောင် နေအိမ်ကိုရောင်းချရသည့် ရန်ပုံငွေများ၏ ၉၅ ရာခိုင်နှုန်းကို ကာကွယ်ရေးဝန်ကြီးဌာနအတွက် အသုံးပြုမည်ဖြစ်ပြီး ကျန် ၅ ရာခိုင်နှုန်းကို အခြားနေရာများတွင် အသုံးပြုခဲ့သည်ဟုထုတ်ပြန်ထားသည်။

မင်း​အောင်လှိုင်၏ အင်းလျားလမ်းအိမ်ရောင်ပြီးပါက မင်း​အောင်လှိုင်၏ ကျန်​နေအိမ်များ ၊ စီမံကိန်းများ၊အများပြည်သူနှင့် ဆိုင်သောစီမံကိန်းများ စတင်တော့မည်ဟု NUG၏ ရှယ်ယာရောင်းချရေးအဖွဲ့ EODထံမှသိရသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝှမ်းမှာရှိတဲ့ PDF တပ်ရင်း နဲ့ စစ်ကြောင်း ၃၀၀ ခန့်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့မှုတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။ ဒီ​ထောက်ပံ့မှုဟာ ရိက္ခာနဲ့ အ​ထွေ​ထွေ အသုံးစာရိတ်​တွေအတွက်သာဖြစ်တယ်လို့သိရပါတယ်။

သတင်း

နွေဦးဘဏ်ဖွင့်လှစ်ခြင်းသည် စစ်ကောင်စီထံစီးဝင်နေသည့် နိုင်ငံခြားငွေကြေးများကို ဟန့်တားနိုင်ရန်နှင့် တော်လှန်ရေးရန်ပုံငွေထောက်ပံ့ပေးနိုင်ရန်ဖြစ်ပြီး စစ်ကောင်စီကို ဘဏ္ဍာ​ရေးအရတိုက်စစ်ဖွင့်လှစ်ခြင်းဖြစ်သညဟု NUGကဆိုသည်။

သတင်း

ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကိုင်ဆောင်ထားပါက နိုင်ငံခြားသုံငွေစီမံခန့်ခွဲဥပဒေအရ ထောင်ဒဏ် ၃နှစ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကိုဖြစ်​​စေ ချမှတ်မည်ဟု စစ်ကောင်စီဗဟိုဘဏ်က ခြိမ်းခြောက်ထားခြင်းသည်။

သတင်း

ညွှန်ကြားချက်ကိုမလိုက်နာလို့ နိုင်ငံခြားငွေ လက်ထဲတွေ့ရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနဲ့အရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပါတယ်။