Connect with us

Hi, what are you looking for?

သတင်း

မြဝတီ-ဝေါ်လေလမ်းအနီး ၂ရက်ဆက်တိုက်ပွဲဖြစ်စစ်ကောင်စီတပ်မှဗိုလ်ကြီးအပါအဝင် ၂ ဦးသေပြီးဒဏ်ရာရသူများရှိ ၊ ကော်ဘရာစစ်သည်တစ်ဦးကျဆုံး

စစ်ကောင်စီတပ်များသည် ကော်ဘရာစစ်ကြောင်းများ ရှိရာသို့ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ တိုက်ပွဲများ မကြာခဏ ဖြစ်ခဲ့သည်။

(စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်၍ မြဝတီ-​ဝေါ​လေ လမ်းတစ်​နေရာပျက်စီး​နေမှု ။ ။ဓါတ်ပုံ-Cobra Column)
(စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်၍ မြဝတီ-​ဝေါ​လေ လမ်းတစ်​နေရာပျက်စီး​နေမှု ။ ။ဓါတ်ပုံ-Cobra Column)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြဝတီ – ဝေါ်လေ ကားလမ်းမအနီးတွင် ၂ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိသကဲ့သို့ ကော်ဘရာစစ်သည်တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ လမ်းပိုင်းရှိတောင်ကြောများပေါ်သို့နေ့စဉ်ရက်ဆက်ကျူးကျော်ရန် ကြိုးစားနေသော အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ကော်ဘရာစစ်ကြောင်းတို့ ယမန်နေ့ (ဇူလိုင်၂၈) ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့တွင်လည်းသုံးထပ်ကွေ့အနီးသောင်ရင်းမြစ်ဘက်အခြမ်း၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

ယမန်နေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၂)ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကာ ဆုတ်ခွာသွားခဲ့ပြီး ကော်ဘရာစစ်သည်တော် တစ်ဦး ကျဆုံးခဲ့ရကြောင်း၊ ယနေ့တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ(၂) မှ ဗိုလ်ကြီး တစ်ဦးနှင့် အခြားအဆင့်တစ်ဦး သေဆုံးခဲ့ပြီးအခြားအဆင့် (၂)ဦးပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

ယနေ့တိုက်ပွဲတွင် ကော်ဘရာစစ်သည်တော်များ ထိခိုက်မှုမရှိကြောင်းဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များသည် ကော်ဘရာစစ်ကြောင်းများ ရှိရာသို့ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ တိုက်ပွဲများ မကြာခဏ ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။