Connect with us

Hi, what are you looking for?

သတင်း

လက်နက်ခဲယမ်းထပ်ယူပြီး ပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကောင်စီတပ်သည် တင်းတိမ်ရံရွာကို ဇူလိုင် ၂၉ရက်နေ့ မွန်းလွဲ ၁ နာရီခန့်ကမီးရှို့ဖျက်ဆီးခဲ့ရာ ဆိုင်ခန်း ၂၀၀၊ အိမ် ၅၀ ဝန်းကျင်ခန့် ဆုံးရှုံးခဲ့ကြောင်း Freedom Revolution Force အဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့က တင်းတိမ်ရံရွာအား အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသည်ကို အဝေးကမြင်တွေ့ရစဥ်။ ဓာတ်ပုံ-Local Fighters Squad
ယမန်နေ့က တင်းတိမ်ရံရွာအား အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသည်ကို အဝေးကမြင်တွေ့ရစဥ်။ ဓာတ်ပုံ-Local Fighters Squad

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် လက်နက်ခဲယမ်း ​ယူပြီးပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်မှုများကြောင်း Local Fighters Squad အဖွဲ့က သတင်းထုတ်ပြန်သည်။

ရေဦးမြို့နယ် တင်းတိမ်ရံရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် ယနေ့(ဇူလိုင် ၃၀ ရက်)၊ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ဒီပဲယင်းရှိ စစ်တပ်ထံမှ လက်နက်ခဲယမ်းများ ယူဆောင်ပြီး တင်းတိမ်ရံရွာသို့ ခြေလျင်စစ်ကြောင်းဖြင့် ပြန်ထွက်လာချိန်တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဒီပဲယင်းမှ တင်းတိမ်ရံသို့အလာ (၉)လက်တံအနီး၊တင်းတိမ်ရံ-ဒီပဲယင်း ကားလမ်းပေါ်ရှိ မူးကူးတံတားပေါ် ဖြတ်ကူးချိန်တွင် ရှေ့ထွက်မိုင်း (၄)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အထိအခိုက်များကြောင်း Local Fighters Squad အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယမန်နေ့ကလ​ည်း တင်းတိမ်ရံရွာအနီး အကြမ်းဖက်စစ်တပ်နှင့်ဒေသတွင်းအဖွဲ့များ ထိတွေ့ပစ်ခတ်မှုအချို့ရှိခဲ့သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Local Fighters Squad အဖွဲ့ တာဝန်ရှိသူက “ကျွန်တော်တို့ Sqaudက ဒီပဲယင်း-တင်းတိမ်ရံ လမ်းပိုင်းကို တာဝန်ယူပြီး Pointတက်တာပါ။ ဒီမနက် တင်းတိမ်ရံကနေ ဒီပဲယင်းခြံကို လက်နက်ခဲယမ်းယူပြီး တင်းတိမ်ရံဘက်ကို ခွေးအင်အားအလုံးအရင်းနဲ့ ပြန်ထွက်လာလို့ဒီပဲယင်း-တင်းတိမ်ရံလမ်းပိုင်းကြားက တံတားဖြူကို ဖြတ်ကူးတဲ့အချိန်ကြားဖြတ်မိုင်းဆွဲခဲ့တာပါ။ ကျွန်တော်တို့ဘက်ကတော့ လက်နက်ငယ် ပစ်ခတ်တာတွေ မပြုလုပ်ခဲ့ပါဘူး။ ဝပ်ပြီးစောင့်နေရတာဆိုတော့ ​ွေးတွေဘက်ကတော့ လက်နက်ငယ်တွေနဲ့ ဆက်တိုက် ဖိပစ်ခဲ့တာပါ။အထိအခိုက်မရှိ ပြပြန်ဆုတ်နိုင်ခဲ့ပါတယ်။ကျွန်တော်တို့Squadနဲ့ မဟာမိတ်(၃)ဖွဲ့ပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။”ဟု ပြောသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အဆိုပါစစ်ဆင်ရေးအား Local Fighters Squadနှင့် မဟာမိတ်တပ်စုများ ဖြစ်ကြသောZarmani Squad၊UMG Squad နှင့် Golden Buffalo Squadတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် တင်းတိမ်ရံရွာကို ဇူလိုင် ၂၉ရက်နေ့ မွန်းလွဲ ၁ နာရီခန့်ကမီးရှို့ဖျက်ဆီးခဲ့ရာ ဆိုင်ခန်း ၂၀၀၊ အိမ် ၅၀ ဝန်းကျင်ခန့် ဆုံးရှုံးခဲ့ကြောင်း Freedom Revolution Force အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။