Connect with us

Hi, what are you looking for?

သတင်း

ဟားခါး – ထန်တလန် ကြားတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးခန့်သေ၊ ထိခိုက်သူများပြား

ဟားခါး-ထန်တလန်အကြား သီမစ် ချောင်းဖက်တွင် စစ်ရေးတင်းမာနေ၍ ဒေသခံ ပြည်သူများ ခရီးသွားလာခြင်းမပြုလုပ်ရန် ဒေသကာကွယ်ရေး တပ်များက အသိပေးထုတ်ပြန်ထားသည်။

ဟားခါးမြို့တွင် စစ်ကောင်စီတပ်သားများအား ေတွ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်။ ဓာတ်ပုံ - The Chin Journal
ဟားခါးမြို့တွင် စစ်ကောင်စီတပ်သားများအား ေတွ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်။ ဓာတ်ပုံ - The Chin Journal

ချင်းပြည်နယ် ဟားခါး – ထန်တလန်မြို့နယ်ကြား၌ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၀ဦးခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ များလည်းရှိကြောင်း ချင်းဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင် ၃၀ရက် နံနက်ပိုင်းက ဟားခါး-ထန်တလန်အကြား သီမစ် ချောင်းဘက်သွားရာ ထင်းရှူးတောထဲတွင် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။

“ အဲဒါ စခ ဘက်က သေဆုံးဒဏ်ရာရရှိသူတွေများတယ်။ နောက်ဆုံး မြေပြင်သတင်းအရ စခ ၁၀ ယောက်သေပြီး ၂၀ နီးပါး ဒဏ်ရာရကြတယ်။ တချို့ မိုင်းနင်းမိလို့ ခြေပြတ်တာလည်း ရှိကြတယ်။ လတ်တလောတော့ အခြေအနေ ငြိမ်နေပါတယ်”ဟု ချင်းဒေသခံက ယနေ့နံနက်တွင် ပြောသည်။

ချင်းပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ကျဆုံးထိခိုက်မှုမရှိကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သားများသည် သီမစ်လမ်းဟောင်း Rual-U သုသာန်ဖက်ကနေ သီမစ်ချောင်း ဘက်သို့ စစ်ကြောင်းထိုးကြရာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခဲ့၍ မွန်းလွဲ ၂နာရီခွဲတွင် စစ်ကောင်စီတပ်များ ပြန်ဆုတ်သွားကြောင်း The Chin Journalက ဖော်ပြသည်။

ယမန်နေ့တိုက်ပွဲ၌ ဟားခါးမြို့ ရုန်းတောင်အခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၆၆) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟုဆိုသည်။

ဟားခါး-ထန်တလန်အကြား သီမစ် ချောင်းဖက်တွင် စစ်ရေးတင်းမာနေ၍ ဒေသခံ ပြည်သူများ ခရီးသွားလာခြင်းမပြုလုပ်ရန် ဒေသကာကွယ်ရေး တပ်များက အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။