Connect with us

Hi, what are you looking for?

သတင်း

စုစု​​ပေါင်း​ဒေါ်လာဘီလီယံတန်ဖိုးရှိ စင်ကာပူနှင့်တရုတ်ရင်းနှီးမြှပ်နှံမှုလုပ်ငန်း ၈ ခုရပ်ဆိုင်းရန် NUGက​ နောက်ဆုံးအကြိမ် သတိပေး

စစ်ကောင်စီက နိုင်ငံတော်အာဏာကို လုယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်များ/အတည်ပြုမိန့်များထုတ်ပေးခြင်းတို့ကို ရပ်ဆိုင်းထားပြီးဖြစ်သည်ဟု NUGကဆိုထားသည်။

NUG
NUG

စုစု​ပေါင်းရင်းနှီးမြှပ်နှံမှုတန်ဖိုးဒေါ်လာတစ်ဘီလီယံတန်ဖိုးရှိစင်ကာပူ နှင့်တရုတ် ရင်းနှီးမြှပ်နှံမှုလုပ်ငန်း ၈ခုကို ခြွင်းချက်မရှိရပ်ဆိုင်းထားရန်နောက်ဆုံးအကြိမ် သတိပေးလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

တားမြစ်ချက်ကို မလိုက်နာပါက လက်တွေ့ကျကျ ပြင်းထန်စွာအရေးယူသွားမည်ဟုထုတ်ပြန်လျက်တွင်​ဖော်ပြထားသည်။

အဆိုပါလုပ်ငန်း ၈ခုတွင် စင်ကာပူမှလုပ်ငန်း၇ခုနှင့် တရုတ်နိုင်ငံမှ လုပ်ငန်း တစ်ခုတို့ပါဝင်သည်။ စင်ကာပူလုပ်ငန်း ၇ခုတွင် နေရောင်ခြည်သုံး ဓာတ်အားပေးစက်ရုံ ၅ခုနှင့် SIM ကုမ္ပဏီ၏ ဒေါ်လာ ၃၇၆သန်းတန် ကမ်းလွန်ရေနံတူးဖော်ရေးလုပ်ငန်းများကို ထောက်ပံ့ပို့ဆောင်သည့်စီမံကိန်းတစ်ခုပါဝင်သည်။

စင်ကာပူနိုင်ငံမှနေရောင်ခြည်သုံးဓာတ်အားပေးစက်ရုံ၅ခုတွင် ရန်ကုန်မြို့၊ ဒလနှင့်ဆိပ်ကြီးခနောင်တိုတို့တွင်လုပ်ကိုင်မည်ဆို​သော Yangon Thermal Power ကုမ္ပဏီ၏ ဒေါ်လာ သန်း ၅၂၂ တန်စီမံကိန်းလည်းပါဝင်သည်။

Public Service Announcement

Public Service Announcement

တရုတ်လုပ်ငန်းမှာ ရွှေပြည်သာတွင်လုပ်ကိုင်မည့် ဒေါ်လာ ၂၉ သန်းတန် အထည်ချုပ်လုပ်ငန်းတစ်ခုဖြစ်သည်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို လုယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်များ/အတည်ပြုမိန့်များထုတ်ပေးခြင်းတို့ကို ရပ်ဆိုင်းထားပြီးဖြစ်သည်ဟု NUGကဆိုထားသည်။

စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများက ခွင့်ပြုပေးသည့် ရင်းနှီးမြှပ်နှံအသစ်များကို NUGက အသိအမှတ်ပြုမည်မဟုတ်ကြောင်းလည်းဆိုထားသည်။ တားမြစ်ချက်များကို လိုက်နာခြင်းမရှိပါက ထိရောက်စွာအရေးယူမည်ဟု ၂၀၂၁ ဩဂုတ် ၃၀ ရက်တွင်လည်း သတိပေးစာထုတ်ထားပြီးဖြစ်သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။