Connect with us

Hi, what are you looking for?

သတင်း

NUG ဂျပန်ကိုယ်စားလှယ်ရုံး တရားဝင်ဖွင့်လှစ်

ဂျပန်နိုင်ငံခြားရေးဌာနနှင့်လူဝင်မှုကြီးကြပ်ရေးဌာနမှတာဝန်ရှိသူများနှင့်ဆွေးနွေးမှုများရှိနေပြီး ဂျပန်ရောက်မြန်မာပြည်သူများကလည်း NUG Japan Office ​၏ အခန်းကဏ္ဍကို ပိုမိုထောက်ခံ၍ ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။

ဓာတ်ပုံ - National Unity Government of Myanmar Representative Office - Japan
ဓာတ်ပုံ - National Unity Government of Myanmar Representative Office - Japan

အမျိုးသားညီညွတ်ရေးအစိုးရ​၏ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကို ဇူလိုင် ၃၁ ရက်တွင် တရားဝင်ဖွင့်လှစ်ကြောင်း ယမန်နေ့တွင် ကြေညာသည်။

အဆိုပါ ဂျပန်ကိုယ်စားလှယ်ရုံးဖွင့်ပွဲသို့ NUG အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဆိုင်ရာ ဝန်ကြီးနော်စူစန်နာလှလှစိုး၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့က အွန်လိုင်းမှတဆင့် အမှာစကား ပြောကြားကာ ဂျပန်လွှတ်တော် အမတ်များ၊ မီဒီယာများ၊မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ကူညီစောင့်ရှောက်ပေးနေသော ရဲတာဝန်ခံများ၊ သက်ဆိုင်ရာ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

နိုင်ငံကူးလက်မှတ်သက်တမ်းကုန်နေသည့် ပြဿနာများကို NUG Japan Officeက လက်ရှိအခြေအနေအရ ဆောင်ရွက်နိုင်ခြင်းမရှိသေးသော်လည်း တချိန်တွင် ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဦးစောဘလှသိန်းက ရှင်းလင်းသည်။

ဂျပန်နိုင်ငံခြားရေးဌာနနှင့်လူဝင်မှုကြီးကြပ်ရေးဌာနမှတာဝန်ရှိသူများနှင့်ဆွေးနွေးမှုများရှိနေပြီး ဂျပန်ရောက်မြန်မာပြည်သူများကလည်း NUG Japan Office ​၏ အခန်းကဏ္ဍကို ပိုမိုထောက်ခံ၍ ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နိုင်ငံကူးလက်မှတ်စာအုပ်သက်တမ်းကုန်နေသူများ ဗီဇာသက်တမ်းတိုးသည့်အခါ နှင့် နိုင်ငံခြား ခရီးသွားရန်လိုအပ်သည့်အခါ အခက်အခဲတစုံတရာရှိပါက NUG ရုံးသို့တိုင်ပင်ဆောင်ရွက် နိုင်ကြောင်း ဦးစောဘလှသိန်းက ဆက်ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။