Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

NUG ဂျပန်ကိုယ်စားလှယ်ရုံး တရားဝင်ဖွင့်လှစ်

ဂျပန်နိုင်ငံခြားရေးဌာနနှင့်လူဝင်မှုကြီးကြပ်ရေးဌာနမှတာဝန်ရှိသူများနှင့်ဆွေးနွေးမှုများရှိနေပြီး ဂျပန်ရောက်မြန်မာပြည်သူများကလည်း NUG Japan Office ​၏ အခန်းကဏ္ဍကို ပိုမိုထောက်ခံ၍ ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။

ဓာတ်ပုံ - National Unity Government of Myanmar Representative Office - Japan
ဓာတ်ပုံ - National Unity Government of Myanmar Representative Office - Japan

အမျိုးသားညီညွတ်ရေးအစိုးရ​၏ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကို ဇူလိုင် ၃၁ ရက်တွင် တရားဝင်ဖွင့်လှစ်ကြောင်း ယမန်နေ့တွင် ကြေညာသည်။

အဆိုပါ ဂျပန်ကိုယ်စားလှယ်ရုံးဖွင့်ပွဲသို့ NUG အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဆိုင်ရာ ဝန်ကြီးနော်စူစန်နာလှလှစိုး၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့က အွန်လိုင်းမှတဆင့် အမှာစကား ပြောကြားကာ ဂျပန်လွှတ်တော် အမတ်များ၊ မီဒီယာများ၊မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ကူညီစောင့်ရှောက်ပေးနေသော ရဲတာဝန်ခံများ၊ သက်ဆိုင်ရာ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

နိုင်ငံကူးလက်မှတ်သက်တမ်းကုန်နေသည့် ပြဿနာများကို NUG Japan Officeက လက်ရှိအခြေအနေအရ ဆောင်ရွက်နိုင်ခြင်းမရှိသေးသော်လည်း တချိန်တွင် ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဦးစောဘလှသိန်းက ရှင်းလင်းသည်။

ဂျပန်နိုင်ငံခြားရေးဌာနနှင့်လူဝင်မှုကြီးကြပ်ရေးဌာနမှတာဝန်ရှိသူများနှင့်ဆွေးနွေးမှုများရှိနေပြီး ဂျပန်ရောက်မြန်မာပြည်သူများကလည်း NUG Japan Office ​၏ အခန်းကဏ္ဍကို ပိုမိုထောက်ခံ၍ ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နိုင်ငံကူးလက်မှတ်စာအုပ်သက်တမ်းကုန်နေသူများ ဗီဇာသက်တမ်းတိုးသည့်အခါ နှင့် နိုင်ငံခြား ခရီးသွားရန်လိုအပ်သည့်အခါ အခက်အခဲတစုံတရာရှိပါက NUG ရုံးသို့တိုင်ပင်ဆောင်ရွက် နိုင်ကြောင်း ဦးစောဘလှသိန်းက ဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။