Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနှင့်ကချင် ပို့ဆောင်မည့် လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားသော သင်္ဘောငါးစီး ဂေါဝိန်ဆိပ်ကမ်းမှ ထွက်ခွာလာမည်ဖြစ်၍ မြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများ သတင်းပေးပို့ကြရန် တော်လှန်ရေးရဲဘော်များ တောင်းဆို

စစ်ကောင်စီသည် ချင်းတွင်းနှင့်ဧရာဝတီမြစ်ကြောင်းကို အသုံးပြုကာ စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်သို့ လက်နက်ခဲယမ်းနှင့် ရိက္ခာများပို့ဆောင်နေသည်။ မြစ်ကြောင်းတစ်လျှောက် ပြည်သူ့ကာကွယ်ရေးရဲဘော်များက စစ်ကောင်စီရေကြောင်းကို ကြားဖြတ်တိုက်ခိုက်နေကြသည်။

စစ်အုပ်စု​၏ သင်္ဘောအား တွေ့ရစဉ်
စစ်အုပ်စု​၏ သင်္ဘောအား တွေ့ရစဉ်

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်သို့ ပို့ဆောင်မည့်လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားသော စစ်ကောင်စီ သင်္ဘောငါးစီးမှာ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ထွက်ခွာလာမည်ဖြစ်၍ မြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအနေဖြင့် သတင်းပေးပို့ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက တောင်းဆိုထုတ်ပြန်ထားသည်။

လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားသော စစ်ကောင်စီ သင်္ဘောငါးစင်း မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းတွင် လတ်တလော ရှိနေသည့်သတင်းကို Tigyaing Revolution -TRကယနေ့(သြဂုတ် ၃)တွင် ပထမဆုံးအကြိမ် ထုတ်ပြန်ထားဖြစ်သည်။

” မြေပြင်သတင်းတွေ အခိုင်အမာရထားပြီးပါပြီ။ မကြာခင် သူတို့ ဧရာဝတီမြစ်​ကောင်းအတိုင်းဆန်တက်လာတော့မယ်။ လူထုက သတင်းပေးခြင်းနဲ့ ကျွန်​တော်တို့ကိုကူညီပေးပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ပုံညာ ၊ပြဒါးရှင်၊ပေါင်းတည်၊ပေါက်တန်း နှင့် အခြားအမည် မသိရသေးသော သင်္ဘောတစ်စီး၊ စုစုပေါင်း သင်္ဘောငါးစီးသည် မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းတွင် ယနေ့(သြဂုတ် ၃ရက်)ရှိနေပြီး စစ်ကောင်စီက လုံးခြုံရေးတင်းကျပ်ထားသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

သင်္ဘောငါးစီးစလုံး ယခုရက်ပိုင်းအတွင်း ထွက်ခွာလာနိုင်ခြေရှိသည်ဟု မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ပြည်သူများ သင်္ဘောစထွက်လာချိန် ကို သတင်းပေးပို့ ပေးကြပါ ခင်ဗျာ”ဟု ထီးချိုင့်မြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ Tigyaing Revolution -TRက မေတ္တာရပ်ခံထားသည်။

စစ်ကောင်စီသည် ချင်းတွင်းနှင့်ဧရာဝတီမြစ်ကြောင်းကို အသုံးပြုကာ စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်သို့ လက်နက်ခဲယမ်းနှင့် ရိက္ခာများပို့ဆောင်နေသည်။ မြစ်ကြောင်းတစ်လျှောက် ပြည်သူ့ကာကွယ်ရေးရဲဘော်များက စစ်ကောင်စီရေကြောင်းကို ကြားဖြတ်တိုက်ခိုက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်လျက်ရှိရာ ဆန်အိတ် ၁၀၀၀ နီးပါး ရရှိနေပြီဖြစ်ကြောင်း CPU/CPA ထောက်ပို့ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။