Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ အဆင့်မြင့်ပညာဦးစီးဌာန မီးလောင်

လက်ရှိတွင် ပျက်ဆီးဆုံးရှုံးမှု အနေအထားနှင့် တန်ဖိုးကိုမူ မီးသတ်ဌာနက ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ - MFSD

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းယားလမ်းနှင့် သထုံလမ်း ထောင့်ရှိ အဆင့်မြင့်ပညာဦးစီးဌာနရုံး ယနေ့ (သြဂုတ် ၅) နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည်။

ယနေ့ နံနက် ၆ နာရီခွဲကျော်တွင် အဆင့်မြင့်ပညာဦးစီးဌာန၏ အဆောင် (၁)တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဥ်(၂)စီး၊ စမ်းချောင်းမြို့နယ်မီးသတ် စခန်းမှ မီးသတ်ယာဉ် (၁)စီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ရာ နံနက် ၇နာရီဝန်းကျင်တွင် မီးငြှိမ်းခဲ့ကြောင်း မီးသတ်ဌာနက ထုတ်ပြန်ထားသည်။

” မနက်က ၆ နာရီခွဲကျော်ထဲက အင်းယားလမ်းဘက်ကို မီးသတ်ကားတွေ၊ လူနာတင်ကားတွေ တောက်လျောက်သွားနေတာ ကြားနေရတယ်။ နောက်မှ အဆင့်မြင့်ပညာဦးစီးဌာနမှာ မီးလောင်မှန်း သိရတာပါ။ အဆောင် (၁) ဘက်က CCTV ခန်းမှာ စလောင်တာလို့ သိရပါတယ်။ CCTV အခန်းတစ်ခန်းလုံးတော့ မီးလောင်ပြီး ပျက်ဆီးသွားတာ တွေ့ရပါတယ် “ဟု ကမာရွတ်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ပျက်ဆီးဆုံးရှုံးမှု အနေအထားနှင့် တန်ဖိုးကိုမူ မီးသတ်ဌာနက ထုတ်ပြန်ထားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား တစ်ခုမှာ ဆိုးရွားတဲ့ မီးလောင်မှု ဖြစ်ပွားပြီး လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။