Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်​၏ ပြည်လမ်း၆မိုင်ခွဲ အိမ်ကို ​ဒေါ်လာ ၇ သန်းဖြင့်ရှယ်ယာများ​ရောင်းချမည်

အာဏာသိမ်း​ခေါင်းဆောင်၏ အင်းယားလမ်း နေအိမ်ကို မေ ၅ ရက်က စတင်ရောင်းချခဲ့ပြီး ဇူလိုင် ၃၀ ရက်တွင် ရှယ်ယာအားလုံးရောင်းချခဲ့ပြီးဖြစ်သည်။

(အာဏာသိမ်း​ခေါင်း​ဆောင်၏ ပြည်လမ်း ၆ မိုင်ခွဲအိမ်ကိုအ​ဝေးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-EOD)
(အာဏာသိမ်း​ခေါင်း​ဆောင်၏ ပြည်လမ်း ၆ မိုင်ခွဲအိမ်ကိုအ​ဝေးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-EOD)

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မတရားရယူထားသည့်ရန်ကုန်​မြို့ ပြည်လမ်း ၊၆မိုင်ခွဲရှိနေအိမ်ကို ​ရှယ်ယာစနစ်ဖြင့် ထပ်မံရောင်းချသွားမည်ဟု NUG၏ ရှယ်ယာရောင်းချရေးအဖွဲ့ (EOD)က ထုတ်ပြန်လိုက်သည်။

စစ်ခေါင်းဆောင်မတရားရယူထားသည့် အင်းလျားလမ်း အိမ်အမှတ် ၁၄ကိုအမျိုးသားညီညွတ်​ရေးအစိုးရ- NUGက ဒေါ်လာ ၁၀ သန်းဖြင့်ရောင်းချပြီးနောက်မင်း​အောင်လှိုင်၏ ဒုတိယမြောက် အိမ်ကို​ဒေါ်လာ ၇ သန်းဖြင့်ထပ်မံရောင်းချရန် စီစဉ်​နေခြင်းဖြစ်သည်ဟုကနဦးသတင်းရရှိသည်။

“အာဏာရှင်နိဂုံး အဆုံးသတ်ဖို့အတွက် EOD ရဲ့ ဒုတိယ ပရောဂျက်ဟာInyaView@6.5 Mile ဖြစ်ပါတယ်။အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားခိုးယူထားတဲ့ ပိုင်ဆိုင်မှု နောက်တစ်ခု ဖြစ်ပြီး၊ ပရောဂျက်အသေးစိတ်ကို မကြာမီ ထုတ်ပြန်ကြေညာ သွားပါမယ်။”ဟု NUG၏ ရှယ်ယာရောင်းချရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ရှယ်ယာတစ်စုကို ၁၀၀ ဒေါ်လာ သတ်မှတ်ထားပြီး ရှယ်ယာအရေအတွက်ကိုတော့ NUGက ထုတ်ပြန်ခြင်းမရှိသေး​သော်လည်း ရှယ်ယာအစုအ​ရေအတွက် ၇၀၀၀၀ ဖြင့်(​ဒေါ်လာ ၇ သန်းဖြင့်)​ရောင်းချမည်ဖြစ်​ကြောင့် ရှယ်ယာအ​ရောင်းကိုယ်စားလှယ်အချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါနေအိမ်သည် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မိသားစု ရန်ကုန်တွင် နေထိုင်သည့်နေအိမ်ဖြစ်သည်ဟုလည်း သိရသည်။

ရန်ကုန်မြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမည်ဖြင့် သိမ်းယူပိုင်ဆိုင်ထားသည့် အိမ် ၄ လုံး ရှိနေပြီး ၎င်း၏ သားသမီးများ ပိုင်ဆိုင်သည့် စီးပွားရေး လုပ်ငန်းစုများစွာလည်း ရှိနေသည်ဟု NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က​ပြောထားသည်။

ထို့အပြင် ရန်ကုန်မြို့တစ်မြို့တည်းမှာပင်အာဏာသိမ်းခေါင်းဆောင်နှင့် စစ်အုပ်စု သိမ်းယူ ပိုင်ဆိုင်ထားသည့် မြေကွက်ပေါင်း ၆၀ အထိ ရှိသည်ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

အာဏာသိမ်း​ခေါင်းဆောင်၏ အင်းယားလမ်း နေအိမ်ကို မေ ၅ ရက်က စတင်ရောင်းချခဲ့ပြီး ဇူလိုင် ၃၀ ရက်တွင် ရှယ်ယာအားလုံးရောင်းချခဲ့ပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။