Connect with us

Hi, what are you looking for?

သတင်း

ဥကရစ်ထနယ်မြေထဲတိုက်ပွဲတွေမှာ လေးရက်အတွင်း စစ်တပ်ဘက်က သေဆုံးဒဏ်ရာရသူ တစ်ရာလောက်ရှိတယ်လို့ဆို

ခြင်္သေ့စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လ(၂၆)ရက်က စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စတင်တိုက်ခိုက်ခဲ့တဲ့ စစ်ကြောင်းတစ်ခုဖြစ်ပြီး ဥကရစစ်ထစခန်းတိုက်ပွဲအတွင်း ခြင်္သေ့စစ်ကြောင်းဘက်က ရဲဘော်နှစ်ဦးဟာ နွေဦးတော်လှန်ရေးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရတယ်လို့ ခြင်္သေ့စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဥကရစ်ထနယ်မြေထဲတိုက်ပွဲတွေမှာ လေးရက်အတွင်း စစ်တပ်ဘက်က သေဆုံးဒဏ်ရာရသူ တစ်ရာလောက်ရှိတယ်လို့ဆို
ဥကရစ်ထနယ်မြေထဲတိုက်ပွဲတွေမှာ လေးရက်အတွင်း စစ်တပ်ဘက်က သေဆုံးဒဏ်ရာရသူ တစ်ရာလောက်ရှိတယ်လို့ဆို

ဝေါ်လေဒေသအနီး ဥကရစ်ထနယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ ခြင်္သေ့စစ်ကြောင်းအပါအဝင် ပူးပေါင်းစစ်ကြောင်းတွေအကြား လေးရက်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သေဆုံးနဲ့ဒဏ်ရာရရှိသူဦးရေတစ်ရာခန့်ရှိနိုင်တယ်လို့ ခြင်္သေ့စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ခြင်္သေ့စစ်ကြောင်းစိုးမိုးနယ်မြေအတွင်း နယ်မြေကျူးကျော်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဇူလိုင်(၃၀)ရက် ညနေ(၄)နာရီက ဥကရစ်ထနယ်မြေအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲဟာ ဩဂုတ်(၂)ရက်အထိ ကြာမြင့်ခဲ့ကာ အဆိုပါတိုက်ပွဲမှာ ခြင်္သေ့စစ်ကြောင်းနဲ့အတူ အခြားပူးပေါင်းစစ်ကြောင်းတွေလည်း ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီလေးရက်တာအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီဘက်က သေဆုံးနဲ့ဒဏ်ရာရသူဟာ (၁၀၀)ဝန်းကျင်အထိရှိနိုင်ကြောင်း ကနဦးမှန်းဆချက်တွေအရသိရပြီး ခြင်္သေ့စစ်ကြောင်းကွန်မန်ဒိုအဖွဲ့ဘက်ကတော့ အသက်(၂၁)နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်တဲ့ ကျော်သီဟဟာ နွေဦးတော်လှန်ရေးအတွက် မြင့်မြတ်စွာအသက်စွန့်လှူခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ခြင်္သေ့စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လ(၂၆)ရက်က စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စတင်တိုက်ခိုက်ခဲ့တဲ့ စစ်ကြောင်းတစ်ခုဖြစ်ပြီး ဥကရစစ်ထစခန်းတိုက်ပွဲအတွင်း ခြင်္သေ့စစ်ကြောင်းဘက်က ရဲဘော်နှစ်ဦးဟာ နွေဦးတော်လှန်ရေးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရတယ်လို့ ခြင်္သေ့စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။