Connect with us

Hi, what are you looking for?

သတင်း

ဟားခါး – ထန်တလန်အကြား ယမန်နေ့တိုက်ပွဲ စစ်ကောင်စီတပ် ခြောက်ဦးသေ

“စကစ တဲတစ်ခုကို ငါတို့ ပစ်တယ်။ အထဲက တပ်စိပ်ထဲက ခြောက်ဦးတော့ ကြွတယ်။ ဒဏ်ရာရရှိတာတော့ မသိပါ။ ဟားခါးမြို့ ထဲ ဂိတ်ကို ပစ်တာ စကစ ဗိုလ်အဆင့် တစ်နဲ့ ငယ်သား တစ်ကျတယ်”ဟု ဆလိုင်းထက်နီက လတ်တလော တိုက်ပွဲအခြေအနေကို ပြောပြသည်။

ဓာတ်ပုံ - CDF ဟားခါး
ဓာတ်ပုံ - CDF ဟားခါး

▪️ဟားခါးမြို့ရှိ စစ်ကောင်စီဂိတ်ကိုလည်း တိုက်ခိုက်ခဲ့ရာ ဗိုလ်အပါအဝင် နှစ်ဦးသေဆုံးဟု ချင်းတပ်ဖွဲ့ပြော

ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့ အကြားတွင် ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဟားခါးနှင့် ထန်တလန်ကြားရှိ သီမစ်ချောင်း တံတားအား ပြန်လည် ပြုပြင်ရန် ကြိုးစားနေသည့် စစ်ကောင်စီတပ်ကို ဒေသခံ ချင်းကာကွယ်ရေးတပ်များက တိုက်ခိုက်လျက်ရှိရာ ဇူလိုင် ၃၀ရက်မှစ၍ တိုက်ပွဲများ မကြာမကြာ ဖြစ်ပွားနေသည်။

အဆိုပါ တံတားဘက်သို့ ဦးတည်လာသည့် စစ်ကြောင်းသည် လက်နက်ကြီးများ ပစ်ခတ်နေသကဲ့သို့ အခြားတစ်ဖက်မှလာသည့် စစ်ကြောင်းနှင့်လည်း ဩဂုတ် ၄ရက်ကတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။

“စကစ တဲတစ်ခုကို ငါတို့ ပစ်တယ်။ အထဲက တပ်စိပ်ထဲက ခြောက်ဦးတော့ ကြွတယ်။ ဒဏ်ရာရရှိတာတော့ မသိပါ။ ဟားခါးမြို့ ထဲ ဂိတ်ကို ပစ်တာ စကစ ဗိုလ်အဆင့် တစ်နဲ့ ငယ်သား တစ်ကျတယ်”ဟု ဆလိုင်းထက်နီက လတ်တလော တိုက်ပွဲအခြေအနေကို ပြောပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများ ဆက်ဖြစ်နိုင်သည့် အနေအထား ဖြစ်ကြောင်းလည်း ဆလိုင်းထက်နီက ပြောကြားသည်။

The Chin Journal ၏ တိုက်ပွဲသတင်းဖော်ပြချက်တွင် ဩဂုတ် ၃ရက်နေ့က ဖြစ်ပွားသည့် ဟားခါး-ထန်တလန်အကြား သီမစ်ချောင်းအနီးတိုက်ပွဲတွင် ဟားခါး CDF တပ်ဖွဲ့ ၏ စနိုက်ပါသမား လက်ချက်ကြောင့် စစ်ကောင်စီ စက်သေနတ်သမားနှင့် အခြားစစ်သား သုံးဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

ယမန်နေ့ (ဩဂုတ် ၄ရက်) နံနက်ပိုင်း ၁၀နာရီခန့်တွင် ဟားခါးမြို့မှ မတူပီဖက်သွားရာ ကျော်ဘုတ်စစ်ဆေးရေးဂိတ်အား ဟားခါး CDF မှ ၀င်ရောက်တိုက်ခဲ့ရာ စကစစစ်သား တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ – CDF ဟားခါး

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။