Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်တွင်တရားလွှတ်​တော်​ရှေ့​နေတစ်ဦးအိမ်အတွင်းမှာပင်အသတ်ခံရ

ဦးဖြိုးသွင် မိသားစုပိုင် ငွေကြေးအချို့နှင့်ဖုန်းတစ်လုံးကိုပါ နေအိမ်ဖောက်ထွင်းခိုးယူသူက ယူသွားသည်ဟု သိရသည်။ ၎င်းသည်စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးဖြစ်သည်ဟုလည်း ဒေသခံများကပြောသည်။

(​နေအိမ်အတွင်းမှာပင်အသတ်ခံခဲ့ရ​သော ဦးဖြိုးသွင်။ ဓါတ်ပုံ-CJ)
(​နေအိမ်အတွင်းမှာပင်အသတ်ခံခဲ့ရ​သော ဦးဖြိုးသွင်။ ဓါတ်ပုံ-CJ)

ပုသိမ်မြို့တွင်တရားလွှတ်တော်ရှေ့နေတစ်ဦးနေအိမ်အတွင်းအသတ်ခံလိုက်ရကြောင်း ဒေသခံများကပြောသည်။

ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်တွင် နေထိုင်သော အသက် ၈၀ခန့်အရွယ်ရှိတရားလွှတ်တော်ရှေ့နေဦးဖြိုးသွင်သည် ရိုက်နှက်ခံထားရသည့်ဒဏ်ရာများဖြင့် နေအိမ်အတွင်းသေဆုံးနေသည်ကို မိသားစုဝင်များက ယနေ့(သြဂုတ်လ ၅ရက်) နံနက်လေးနာရီခန့်တွင်တွေ့ရှိခြင်းဖြစ်သည်။

” ဦးဖြိုးသွင်က အရိုက်ခံရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတာ။ လည်ပင်းကိုလည်း လျှပ်စစ်ပေါင်းအိုးကြိုးနဲ့ ပတ်ထားခဲ့တာတွေ့တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

နေအိမ်အတွင်း ဖောက်ထွင်းခိုးယူသူက သတ်ဖြတ်သွား​ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ဦးဖြိုးသွင် မိသားစုပိုင် ငွေကြေးအချို့နှင့်ဖုန်းတစ်လုံးကိုပါ နေအိမ်ဖောက်ထွင်းခိုးယူသူက ယူသွားသည်ဟု သိရသည်။ ၎င်းသည်စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးဖြစ်သည်ဟုလည်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နေရာကွက်မိုးကြီးပြီး ကျေးရွာတချို့ရေနစ်မြုပ်ခဲ့တဲ့ ပုသိမ်-ချောင်းသာလမ်းပိုင်းမှာ တောင်ကျရေတိုက်စားလို့ နေအိမ်အချို့မျောပါသွားပြီး လူ ၁ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယမှာ တရားသူကြီးချုပ်ကို ရှေ့နေ တစ်ဦးက ဖိနပ်နဲ့ ကောက်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC)ရဲ့ တရားလို (ဆွဲချ)ရှေ့နေ ကာရင်မ်ခန်းဟာ လိင်ပိုင်းဆိုင်ရာ မလျော်ကန်တဲ့ လုပ်ရပ်တွေ ကျူးလွန်ကြောင်း စွပ်စွဲချက်နဲ့ ဆက်စပ်ပြီး လုပ်ငန်း တာဝန်တွေကနေ ခွင့်ရက် သတ်မှတ် အနားပေး ခံထားလိုက်ရပါတယ်။

သတင်း

ဂွမြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီထိခိုက်သေဆုံးမှုများပြားနေပြီးမြို့သိမ်းတိုက်ပွဲအတွက် ထိုးစစ်အရှိန်အဟုန်မြှင့်နေကြောင်း AAက ဒီဇင်ဘာလ၂၁ရက်တွင် သတင်းထုတ်ပြန်ထားသည်။