Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ ​ဒေသများမှ အကြမ်းဖက်စစ်တပ်ကြောင့် မီးဘေးသင့်ခဲ့သူများထံပံ့ပိုးမည့် အစီအစဥ်ပြုလုပ်မည်

“ဒီအစီအစဉ်လေးကနေတဆင့် ပြည်သူမှသည် ပြည်သူဆီသို့ စာနာမှုများ စီးဆင်းကြမယ်။ ပြည်သူမှသည် ပြည်သူဆီသို့ ချစ်ခြင်းမေတ္တာများ စီးဆင်းကြမယ်။ ပြည်သူမှသည် ပြည်သူဆီသို့ အရိပ်မိုးဖို့ ကာကွယ်ဖို့ ဝိုင်းဝန်း ကူညီကြရပါမယ်”ဟု နှိုးဆော်သည်။

စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ ​ဒေသများမှ အကြမ်း ဖက်စစ်တပ်ကြောင့် မီးဘေးသင့်ခဲ့သူများထံပံ့ပိုးမည့် အစီအစဥ်ပြုလုပ်မည်
စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ ​ဒေသများမှ အကြမ်း ဖက်စစ်တပ်ကြောင့် မီးဘေးသင့်ခဲ့သူများထံပံ့ပိုးမည့် အစီအစဥ်ပြုလုပ်မည်

စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ ​ဒေသများမှ အကြမ်းဖက်စစ်တပ်ကြောင့် မီးဘေးသင့်ခဲ့သူများထံပံ့ပိုးမည့် ‘အမေ့လက်ဆောင် အမေ့ယပ်တောင်’ အစီအစဥ်မှ မဲလက်မှတ်များရောင်းချခြင်းကို သြဂုတ် ၈ ရက်တွင် စတင်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း OFP နှင့် Global Fundraiser Group (GFG)တို့မှ အသိပေးထုတ်ပြန်သည်။

‘အမေ့လက်ဆောင် အမေ့ယပ်တောင်’အစီအစဥ်ကို NUG အစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)နှင့် OFP ၊ Global Fundraiser Group (GFG)တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး မဲလက် မှတ်များကိုသြဂုတ် ၈ ရက်မှ ၂၄ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကိုင်းတိုင်းတင်းတိမ်ရံရွာကို အကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးထားမှုမြင်ကွင်း။ ။ဓါတ်ပုံ-ဗိုလ်မုတ်ဆိတ်
စစ်ကိုင်းတိုင်းတင်းတိမ်ရံရွာကို အကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးထားမှုမြင်ကွင်း။ ။ဓါတ်ပုံ-ဗိုလ်မုတ်ဆိတ်

မဲလက်မှတ်များ ရောင်းချရာတွင် အခြေခံစျေးနှုန်းအနေဖြင့် မဲလက်မှတ်တစ်စောင်လျှင် မြန်မာငွေဖြင့် ကျပ် ၂၀,၀၀၀၊ အမေရိကန်ဒေါ်လာဖြင့် ၁၀ ဒေါ်လာ သတ်မှတ်ထားပြီး နိုင်ငံပေါင်း(၂၄)နိုင်ငံ၏ ငွေကြေးစနစ်များဖြင့် အလွယ်တကူဝယ်ယူနိုင်ရန် စီစဥ်ထားသည်ဟု အသိပေးသည်။

ယခုအစီအစဥ်၌ မဲပေါက်သူထံ ပြန်လည်ပေးအပ်မည့် ယပ်တောင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်တနှံတလျားခရီးစဥ်များတွင် ယူဆောင်သွားလေ့ရှိသောပစ္စည်းတစ်ခုဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်၏အငွေ့အသစ်များ ဝါဝင်နေမည်ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အမေ့ကို ရာသီဥတုအပူဒဏ်က ကာကွယ်ပေးခဲ့တဲ့ဒီယပ်တောင်လေးဟာ အခုအချိန်မှာ ပြည်လုံးကျွတ် ခံစားနေရတဲ့ သောကအပူမီးတွေကို ငြိမ်းအေးစေဖို့ အကောင်းဆုံးအထောက်အပံ့ ဖြစ်စေမှာ သေချာပါတယ်”ဟု ဖော် ပြသည်။

အာဏာရူးနှင့် နောက်လိုက်များ၏ မိုက်မဲရမ်းကားမှုကြောင့် မြန်မာပြည်အရပ်ရပ်တွင် ကျေးရွာများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး အပြစ်မဲ့ ရွာသူရွာသား ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို ပိုင်ဆိုင်မှုအစုစုကိုလက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း ထောက်ပြသည်။

စစ်ကိုင်းတိုင်းတင်းတိမ်ရံရွာကို အကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးထားမှုမြင်ကွင်း။ ။ဓါတ်ပုံ-ဗိုလ်မုတ်ဆိတ်
စစ်ကိုင်းတိုင်းတင်းတိမ်ရံရွာကို အကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးထားမှုမြင်ကွင်း။ ။ဓါတ်ပုံ-ဗိုလ်မုတ်ဆိတ်

ထို့ကြောင့် ယခုလို ပြည်သူ့တော်လှန်ရေးအရှိန်အဟုန် မြင့်တက်လာချိန် ပြန်လည်ထူထောင်ရေးကိုလည်း မေ့မထားသင့်ဘဲ တော်လှန်ရင်းတည်ဆောက်၊ တည်ဆောက်ရင်း တော်လှန်ဆိုသကဲ့သို့ စစ်တပ်၏ အကြမ်းဖက်မှုကြောင့် ပြာပုံအတိဖြစ်ခဲ့ရသော ကျေးရွာများတွင် MOHADM က ဦးစီးပြီး အိုးအိမ်များ အသစ်ပြန်လည်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးသည်။

“ဒီအစီအစဉ်လေးကနေတဆင့် ပြည်သူမှသည် ပြည်သူဆီသို့ စာနာမှုများ စီးဆင်းကြမယ်။ ပြည်သူမှသည် ပြည်သူဆီသို့ ချစ်ခြင်းမေတ္တာများ စီးဆင်းကြမယ်။ ပြည်သူမှသည် ပြည်သူဆီသို့ အရိပ်မိုးဖို့ ကာကွယ်ဖို့ ဝိုင်းဝန်း ကူညီကြရပါမယ်”ဟု နှိုးဆော်သည်။

လက်မှတ်ရောင်းချခြင်း အစီအစဉ် အသေးစိတ်ကို အ​မေ့လက်​​ဆောင်-အ​မေ့ယပ်​တောင် ​ဖေစ်ဘွခ်စာမျက်နှာ

https://www.facebook.com/အမေ့လက်ဆောင်-အမေ့ယပ်တောင်-104711952334524/

မှတစ်ဆင့်ထပ်မံ အသိပေးသွားမည်ဟုထုတ်ပြန်ထားသည်။

ဤအစီအစဥ်မှ မဲပေါက်သူကို သြဂုတ် ၂၆ ရက်တွင်ကြေညာပေးသွားမည်ဖြစ်ပြီး လက်မှတ်ရောင်းချရငွေအားလုံးကို OFP နှင့် GFG မှတဆင့် MOHADM ထံသို့လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook