Connect with us

Hi, what are you looking for?

သတင်း

မြဝတီ – ဝေါ်လေလမ်း သုံးထပ်ကွေ့အနီး တိုက်ပွဲ ဆက်ဖြစ်၍ စစ်ကောင်စီတပ် တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

လက်နက်ကြီး ပစ်ကူများအသုံးပြုပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ၂နာရီကြာ တိုက်ပွဲဖြစ်ပြီးညနေပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း ဖော်ပြထားသည်။

သုံးထပ်ကွေ့အနီး ဒီနေ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ကော်ဘရာ စစ်ကြောင်းထုတ်ပြန်
သုံးထပ်ကွေ့အနီး ဒီနေ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ကော်ဘရာ စစ်ကြောင်းထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ဒူးပလာယာခရိုင် နယ်မြေ သုံးထပ်ကွေ့အနီး တောင်ကုန်းတစ်ခုသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ယနေ့တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံတပ်များသည် ယနေ့ဩဂုတ် ၆ရက် နေ့လည်ပိုင်းတွင် သုံးထပ်ကွေ့အနီးတောင်ကုန်းပေါ်သို့ကျူးကျော်ရန်ကြိုးစားလာခြင်းဖြစ်သည်ဟု ဆိုသည်။

လက်နက်ကြီး ပစ်ကူများအသုံးပြုပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ၂နာရီကြာ တိုက်ပွဲဖြစ်ပြီးညနေပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရခဲ့ပြီးကော်ဘရာ စစ်သည်တော်များထိခိုက်မှုမရှိကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

မြ၀တီ – ဝေါ်လေ လမ်းအနီးတဝိုက်တွင် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်မှုများ တောက်လျှောက် ပြုလုပ်နေ၍ ယခုလအတွင်း နေ့တိုင်းနီးပါး တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ဒေသ၌ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ တစ်လကျော်ကြာပြီဖြစ်ပြီး စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှု များရှိခဲ့သည့်အပြင် စစ်မြေပြင်မှ စစ်ကောင်စီတပ်သားများထွက်ပြေးပြီး KNU ထံ ခိုလှုံမှုများလည်းရှိခဲ့သည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြ၀တီ – ဝေါ်လေကားလမ်းအနီး တောင်ယာ လုပ်ကိုင်နေသည့် အရပ်သား ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။ ထိုသို့စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့်ဒေသခံ မှာ ခြေထောက်ကြေမွှသွား၍ ခွဲစိတ်ဖြတ်တောက်ခဲ့ရကြောင်း၊ ကော်ဘရာ စစ်ကြောင်းက လိုအပ်သည့် ဆေးဘက်ဆိုင်ရာများပံ့ပိုးဆောင်ရွက်ပေးခဲ့ ကြောင်းအသိပေးဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook