Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီ – ဝေါ်လေလမ်း သုံးထပ်ကွေ့အနီး တိုက်ပွဲ ဆက်ဖြစ်၍ စစ်ကောင်စီတပ် တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

လက်နက်ကြီး ပစ်ကူများအသုံးပြုပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ၂နာရီကြာ တိုက်ပွဲဖြစ်ပြီးညနေပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း ဖော်ပြထားသည်။

သုံးထပ်ကွေ့အနီး ဒီနေ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ကော်ဘရာ စစ်ကြောင်းထုတ်ပြန်
သုံးထပ်ကွေ့အနီး ဒီနေ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ကော်ဘရာ စစ်ကြောင်းထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ဒူးပလာယာခရိုင် နယ်မြေ သုံးထပ်ကွေ့အနီး တောင်ကုန်းတစ်ခုသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ယနေ့တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံတပ်များသည် ယနေ့ဩဂုတ် ၆ရက် နေ့လည်ပိုင်းတွင် သုံးထပ်ကွေ့အနီးတောင်ကုန်းပေါ်သို့ကျူးကျော်ရန်ကြိုးစားလာခြင်းဖြစ်သည်ဟု ဆိုသည်။

လက်နက်ကြီး ပစ်ကူများအသုံးပြုပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ၂နာရီကြာ တိုက်ပွဲဖြစ်ပြီးညနေပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရခဲ့ပြီးကော်ဘရာ စစ်သည်တော်များထိခိုက်မှုမရှိကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

မြ၀တီ – ဝေါ်လေ လမ်းအနီးတဝိုက်တွင် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်မှုများ တောက်လျှောက် ပြုလုပ်နေ၍ ယခုလအတွင်း နေ့တိုင်းနီးပါး တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ဒေသ၌ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ တစ်လကျော်ကြာပြီဖြစ်ပြီး စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှု များရှိခဲ့သည့်အပြင် စစ်မြေပြင်မှ စစ်ကောင်စီတပ်သားများထွက်ပြေးပြီး KNU ထံ ခိုလှုံမှုများလည်းရှိခဲ့သည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြ၀တီ – ဝေါ်လေကားလမ်းအနီး တောင်ယာ လုပ်ကိုင်နေသည့် အရပ်သား ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။ ထိုသို့စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့်ဒေသခံ မှာ ခြေထောက်ကြေမွှသွား၍ ခွဲစိတ်ဖြတ်တောက်ခဲ့ရကြောင်း၊ ကော်ဘရာ စစ်ကြောင်းက လိုအပ်သည့် ဆေးဘက်ဆိုင်ရာများပံ့ပိုးဆောင်ရွက်ပေးခဲ့ ကြောင်းအသိပေးဖော်ပြထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။