Connect with us

Hi, what are you looking for?

သတင်း

မြိုင် – ပခုက္ကူလမ်းပိုင်း ဖြတ်သန်းသွားလာခြင်းမပြုရန် မြိုင်(ပ.က.ဖ) ထပ်မံသတိပေး

ကြေညာချက် မလိုက်နာ၍ ဖြစ်ပေါ်လာသော နောက်ဆက်တွဲများကို တာဝန်ယူမည် မဟုတ်ကြောင်း မြိုင်(ပ.က.ဖ)က ဆိုသည်။ မြိုင်နယ်တွင် စစ်ကောင်စီတပ်၊ ပျူနှင့်ဒေသတွင်း PDFများ တိုက်ပွဲများဖြစ်ပွားနေသည်။

(မြိုင် - ပခုက္ကူလမ်းအား လမ်းပိတ်ထားစဥ်၊ဓာတ်ပုံ-မြိုင် ပ.က.ဖ)
(မြိုင် - ပခုက္ကူလမ်းအား လမ်းပိတ်ထားစဥ်၊ဓာတ်ပုံ-မြိုင် ပ.က.ဖ)

မကွေးတိုင်း၊ မြိုင် – ပခုက္ကူလမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်း လုံးဝမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်က ထပ်မံသတိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မြိုင်-ပခုက္ကူလမ်းပေါ်တွင် ကင်းပုန်းများဝပ်နေ၍ ပြည်သူများအား မြိုင်-ပခုက္ကူကားလမ်းကို အသုံးမပြုရန် ဩဂုတ် ၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် အချို့ကားများမှာ ဖြတ်သန်းသွားလာလျက်ရှိနေ၍ မြိုင်-ပခုက္ကူကားလမ်းအား လုံးဝ(လုံးဝ) အသုံးပြုခြင်းမပြုရန် ထပ်မံသတိပေးလိုက်ကြောင်း မြိုင်(ပကဖ)က ယနေ့(သြဂုတ် ၉ရက်) ထုတ်ပြန်သည်။

(မြိုင် - ပခုက္ကူလမ်းအား လမ်းပိတ်ထားစဥ်၊ဓာတ်ပုံ-မြိုင် ပ.က.ဖ)
(မြိုင် – ပခုက္ကူလမ်းအား လမ်းပိတ်ထားစဥ်၊ဓာတ်ပုံ-မြိုင် ပ.က.ဖ)

ကြေညာချက် မလိုက်နာ၍ ဖြစ်ပေါ်လာသော နောက်ဆက်တွဲများကို တာဝန်ယူမည် မဟုတ်ကြောင်း မြိုင်(ပ.က.ဖ)က ဆိုသည်။ မြိုင်နယ်တွင် စစ်ကောင်စီတပ်၊ ပျူနှင့်ဒေသတွင်း PDFများ တိုက်ပွဲများဖြစ်ပွားနေသည်။

(မြိုင် - ပခုက္ကူလမ်းအား လမ်းပိတ်ထားစဥ်၊ဓာတ်ပုံ-မြိုင် ပ.က.ဖ)
(မြိုင် – ပခုက္ကူလမ်းအား လမ်းပိတ်ထားစဥ်၊ဓာတ်ပုံ-မြိုင် ပ.က.ဖ)

သြဂုတ် ၆ရက်ကလည်း မြိုင်မြို့နယ်၊ ပျူစောထီးအားကောင်းရာ တွင်းမကျေးရွာကို ဒေသတွင်းအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားနှင့်ပျူ ၃၈ဦးသေဆုံးပြီး ပြည်သူ့ရဲဘော် သုံးဦး ကျဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။