Connect with us

Hi, what are you looking for?

သတင်း

မြိုင်ရှိ စစ်ဘေးရှောင်များ ဆေးဝါးနှင့် စားနပ်ရိက္ခာ အကူအညီလိုအပ်နေ

ပြည်သူ့ကာကွယ်ရေးအဖွဲ့များ စိုးမိုးထားနိုင်သည့်ကျေးရွာများရှိ စစ်ရှောင် ပြည်သူများအတွက် အရေးပေါ်အကူအညီများကို Facebook Page Messenger မှတဆင့် အကူအညီလာရောက်ပေးနိုင်ကြောင်း ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

(ရွာသစ်ကျေးရွာရှိ နေအိမ်အချို့အား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး သွားစဥ်။ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်)
(ရွာသစ်ကျေးရွာရှိ နေအိမ်အချို့အား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး သွားစဥ်။ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတ​ပ်က စစ်ကြောင်းထိုး အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်နေ၍ စစ်ဘေးရှောင် ‌ဒေသခံပြည်သူအများအပြားရှိနေပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများ အကူအညီလိုအပ်နေကြောင်း ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

စစ်ကောင်စီတပ်သည် မြိုင်နယ်အတွင်း နေ့စဥ် စစ်ကြောင်းထိုး ချေမှုန်းရေး တိုက်ပွဲဆင်နေ၍ ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ လိုအပ်လျက်ရှိကြောင်း ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

(ရွာသစ်ကျေးရွာရှိ နေအိမ်အချို့အား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး သွားစဥ်။ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်)
(ရွာသစ်ကျေးရွာရှိ နေအိမ်အချို့အား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး သွားစဥ်။ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်)

ပြည်သူ့ကာကွယ်ရေးအဖွဲ့များ စိုးမိုးထားနိုင်သည့်ကျေးရွာများရှိ စစ်ရှောင် ပြည်သူများအတွက် အရေးပေါ်အကူအညီများကို Facebook Page Messenger မှတဆင့် အကူအညီလာရောက်ပေးနိုင်ကြောင်း ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

“တပ်ဖွဲ့အတွက် ကျည်ဖိုး ခဲယမ်းဖိုးလည်း အရေးပေါ်လိုအပ်နေပါတယ် ။ ပြည်သူများ စစ်ကြောင်းသတင်းနားစွင့်ပါ။စစ်ရေးသတိအမြဲရှိပါ။ ပြည်သူမှ ပြည်သူသို့ ကူညီထောက်ပံ့ပါဝင်ကြပါ။”ဟု ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ ဩဂုတ် ၉ ရက်ကလည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ​မြိုင်မြို့နယ်၊ ရွာသစ်ကျေးရွာရှိ နေအိမ်နှစ်လုံးအားမီးရှို့ဖျက်ဆီးသွားကြောင်း၊ ထို့အပြင် အိုရင်းကျေးရွာ၊ သာစည်ရွာနှင့် နှင်းဆီကန်ကျေးရွာများရှိ နေအိမ်အချို့ကိုပါ မီးရှို့ဖျက်ဆီးသွားပြီး ဆုံးရှုံးမှုအခြေအနေ မသိရသေးကြောင်း နွေဦးတော်လှန်ရေး-မြိုင်က အသိပေးသည်။

မြိုင်နယ်၌ အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားနေပြီး သြဂုတ်၆ရက်က တွင်းမကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျုစောထီးစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်နှင့်ပျူ ၃၈ဦး သေဆုံးခဲ့သည်ဟုလည်း ဒေသတွင်းအဖွဲ့များက ထုတ်ပြန်အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။