Connect with us

Hi, what are you looking for?

သတင်း

တစ်ဒေါ်လာကို ၂၁၀၀ ကျပ်ထက်ကွာဟမှုမများဘဲ ရောင်းဝယ်ဖို့စစ်ကောင်စီဗဟိုဘဏ်ညွှန်ကြား

ဒီညွှန်ကြားချက်ကိုမလိုက်နာရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနဲ့အရေးယူမယ်လို့လည်းခြိမ်းခြောက်ထားပါတယ်။

ဓာတ်ပုံ − AFP
ဓာတ်ပုံ − AFP

နိုင်ငံခြားငွေရောင်းဝယ်ရာမှာ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ဈေးနှုန်းရဲ့ဝ. ၃ ရာခိုင်နှုန်း ဘောင်ထဲက ရောင်းချရမယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။

စစ်ကောင်စီဟာ အမေရိကန် တစ်ဒေါ်လာကို ၂၁၀၀ ကျပ်သတ်မှတ်ထားပြီး ဘဏ်တွေ ၊ ငွေလဲကောင်တာတွေအနေနဲ့ ဒီသတ်မှတ်ထားနဲ့ ကွာဟမှု ဝ.၃ ရာခိုင်နှုန်း ဘောင်ထဲကပဲ ရောင်းချဖို့ညွှန်ကြားလိုက်တာပါ။

အရင်ကလည်းစစ်ကောင်စီရဲ့ ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေ ရောင်းဝယ် ရာမှာ သတ်မှတ်ထားတဲ့ ဈေးရဲ့ ဝ.၈၊ဝ. ၅ရာခိုင်နှုန်း ဘောင်အတွင်းကပဲ ရောင်းဝယ်ကြဖို့ညွှန်ကြားခဲ့ဖူးပါတယ်။

ဒီညွှန်ကြားချက်ကိုမလိုက်နာရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနဲ့အရေးယူမယ်လို့လည်းခြိမ်းခြောက်ထားပါတယ်။

Public Service Announcement

Public Service Announcement

ပြင်ပဈေးကွက်မှာတော့အမေရိကန် တစ်ဒေါ်လာကို ၂၆၀၀ ကျပ်နီးပါးထိပေါက်ဈေးရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။