Connect with us

Hi, what are you looking for?

သတင်း

ဆီမပြတ်ဘဲ အရောင်းပိတ်ထားသည့်ဆိုင်ကိုအရေးယူမည်ဟု PSDA သတိပေး

လက်ရှိတွင် ရှမ်းပြည်နယ်မြို့နယ်အချို့တွင် စက်သုံးဆီပြတ်လတ်သည်ဆိုကာ ဆီဆိုင်အချို့ပိတ်ထားပြီး ဆီတစ်လီတာကို ၉၀၀၀ ကျော်ဖြင့် မှောင်ခိုစျေးကွက်ပေါ် ပေါက်နေပြီး ပြည်သူများသွားလာရေးခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

PSDA တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PSDA
PSDA တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PSDA

ရှမ်းပြည်မြောက်ပိုင်း မြို့နယ်များအတွင်း စက်သုံးဆီများ အမှန်တစ်ကယ်ပြတ်လပ်မှုရှိမရှိကို ရှောင်တခင်စစ်ဆေးသွားမည်ဖြစ်ပြီး ဆီမပြတ်ဘဲ အရောင်းပိတ်ထားသည့်ဆိုင်တွေ့ပါက ထိရောက်စွအရေးယူသွားမည်ဟု ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့(PSDA)က ယနေ့(သြဂုတ် ၁၁)ရက်တွင် အသိပေးထုတ်ပြန်လိုက်သည်။

“စက်သုံးဆီအရောင်းဆိုင်များမှာ စက်သုံးဆီရှိပါလျှက်နှင့် ဆိုင်များပိတ်ပြီး ပြည်သူလူထုအား ရောင်းချခြင်းမပြုလုပ်လျှင် မိမိတို့ PSDA တပ်ဖွဲ့မှ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်လိုက်သည်”ဟု ဖော်ပြသည်။

PSDA ၏ ထုတ်ပြန်ချက်

PSDA ၏လှုပ်ရှားဒေသများဖြစ်သော မူဆယ်၊ နမ့်ခမ်း၊ပန်ဆန်း(ကြူကုတ်)၊ ကွတ်ခိုင် စသည့်မြို့နယ်များတွင် စက်သုံးဆီဆိုင်များက နိုင်ငံတကာက မြန်မာနိုင်ငံသို့ စက်သုံးဆီတင်ပို့ခြင်းမရှိသည့်အပေါ်စက်သုံးဆီစျေးနှုန်းမြင့်တက်ခဲ့သည့်အပြင် ဆီကို အချိုးကျစနစ်ဖြင့်ရောင်း ချသည်ကို တွေ့ရသည်ဟု ထုတ်ပြန်သည်။

ယခုအခါ စက်သုံးဆီစျေးနှုန်းအနည်းငယ်ကျသော်လည်း ဆီဆိုင်များက ပြည်သူလူထုအား ဆီရောင်းချပေးခြင်းမရှိသည်ကိုတွေ့ရပြီး စက်သုံးဆီမရရှိခြင်းကြောင့် ပြည်သူများ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုနှင့် မြို့တွင်းသွားလာမှုများ အခက်အခဲကြုံနေရသည်ကို စိတ်မကောင်းဖွယ်တွေ့ရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ရှမ်းပြည်နယ်မြို့နယ်အချို့တွင် စက်သုံးဆီပြတ်လတ်သည်ဆိုကာ ဆီဆိုင်အချို့ပိတ်ထားပြီး ဆီတစ်လီတာကို ၉၀၀၀ ကျော်ဖြင့် မှောင်ခိုစျေးကွက်ပေါ် ပေါက်နေပြီး ပြည်သူများသွားလာရေးခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်တွင်း၌​ဒေါ်လာရှားပါးမှုနှင့်အတူ စစ်​ကောင်စီကလည်း ​ဒေါ်လာကိုရသမျှလိုက်သိမ်းပြီးပြန်မ​ရောင်း​ပေး​တော့သဖြင့်စက်သုံးဆီတင်သွင်း​သောလုပ်ငန်းရှင်များတွင်ပါ ​ဒေါ်လာနည်းသဖြင့် စက်သုံးဆီတင်သွင်းမှုနည်းလာကာ ဆီရှားပါးပြတ်လပ်လာ​ကြောင်း လုပ်ငန်းရှင်အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်တွင်းစက်သုံးဆီဈေး သုံးပတ်ဆက် ဈေးကျပေမယ့် ဈေးနှုန်းက သိသိသာသာလျော့နည်းသွားတာတော့ မရှိသေးဘူးလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။