Connect with us

Hi, what are you looking for?

သတင်း

ဟားခါး – ထန်တလန်ကြားတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်များ

စ်ကောင်စီတပ်ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ ချင်းအမျိုးသားတပ်မတော် (CNA) တို့ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

ဓာတ်ပုံ - The Chin Journal
ဓာတ်ပုံ - The Chin Journal

ခဲယမ်း၊ ကျည်များတော်လှန်ရေးတပ်ဖွဲ့များ သိမ်းဆည်းရမိ

ချင်းပြည်နယ် ဟားခါး နှင့် ထန်တလန်ကြား၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း The Chin Journalက ဖော်ပြသည်။

ဩဂုတ် ၁၁ရက်မှ ၁၃ရက်အထိ ဖြစ်ပွားသော ဟားခါး-ထန်တလန်အကြား သီမစ်ချောင်းအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်က ကျဆုံးဒဏ်ရာရသူများခဲ့ပြီး ထွက်ပြေးသွားသော စစ်ကောင်စီ တပ်သားများ၏ စစ်လက်နက်ပစ္စည်းများ၊ ငွေသား ကျပ် ၁၀သိန်းခန့်နှင့် ဖုန်းတစ်လုံးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

ဩဂုတ် ၁၁ရက် ညနေပိုင်းတွင် ချင်းတော်လှန် ရေးပူးပေါင်းတပ်ဖွဲ့က စစ်ကောငစီတပ်သားများ စခန်းချထားသည့် တဲအား အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က အကျအဆုံးများစွာဖြင့် ထွက်ပြေးသွားကြောင်း၊ ယနေ့ (ဩဂုတ် ၁၃ရက်) နံနက်ပိုင်းတွင်လည်း သီမစ်ချောင်းအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများ၏ ကျည်ဆံများ၊ RPG ဗုံးသီးတစ်လုံးနှင့် အခြားစစ်အသုံးအဆောင်များကို တော်လှန်ရေးတပ်များက ရရှိခဲ့သည်ဟုဆိုသည်။

ဓာတ်ပုံ - The Chin Journal
ဓာတ်ပုံ – The Chin Journal

အဆိုပါ ဒေသတွင် ဇူလိုင် ၂၉ရက်တွင် စစ်ကောင်စီတပ်က ဝင်ရောက်လှုပ်ရှားလာရာ ဇူလိုင် ၃၀ ရက်မှ ယနေ့အထိတိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။ စစ်ကောင်စီတပ်ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ ချင်းအမျိုးသားတပ်မတော် (CNA) တို့ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။