Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုနယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာ လေးဦးသေပြီး ခဲယမ်းအချို့သိမ်းဆည်းရမိဟု KNDF ထုတ်ပြန်

ကရင်နီဒေသတွင်း စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော် – ရှားတော လမ်းမကြီး တစ်လျှောက် ပြည်သူများဖြတ်သန်းသွားလာခွင့်ကို တားမြစ်ထားသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ - KNDF

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)တပ်ရင်း -၁၅ က ယနေ့(သြဂုတ် ၁၄ ရက်) ထုတ်ပြန်သည်။

သြဂုတ် ၁၁ ရက်ကစ၍ စစ်ကောင်စီတပ် အမှတ် (၁၄)တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းမှ ဖရူဆိုမြို့အရှေ့ဘက်ခြမ်းသို့စစ်ကောင်စီတပ် အင်အား (၃၀) ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုး လာသည့်အချိန်တွင် KNDF B-15 နှင့် ကရင်နီတပ်မတော်(KA) တပ်မှ ​ခုခံတိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဘက်မှ တစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ထို့နောက် ယမန်နေ့(သြဂုတ် ၁၃ ရက်) နံနက် ၆ နာရီခွဲခန့်က ဖရူဆိုမြို့ အခြေစိုက် ခမရ (၅၃၁) တပ်မှ စစ်ကောင်စီတပ် အင်အား ၁၅၀ခန့်ဖြင့် ဖရူဆိုမြို့နယ် အရှေ့ဘက် ခြမ်းသို့ စစ်ကြောင်း ထိုးလာသည်ကို KA နှင့် KNDFB-15 တို့မှ ပြန် လည်ခုခံတိုက်ခိုက်ရာ စစ်ကောင်စီ ဘက်မှ သုံးဦး သေဆုံးပြီး ခဲယမ်းတချို့ ရရှိခဲ့ကြောင်း ဖော်ပြ သည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ – KNDF

တိုက်ပွဲများအတွင်း KA နှင့် KNDF မှရဲဘော်များ အားလုံးတစ်စုံတရာ ထိခိုက်မှုမရှိခဲ့ကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

လက်ရှိ ကရင်နီဒေသတွင်း စစ်ကောင်စီက စစ်ရေးမြှင့်တင်နေပြီး ဒီးမော့ဆို၊လွိုင်ကော်နှင့် ဖရူဆို မြို့နယ်တို့၌ စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နေသည်။

Public Service Announcement
Public Service Announcement

“ဒီနေ့(သြဂုတ် ၁၄ ရက်) ညနေ ၆ နာရီခွဲလောက်ကစပြီး ဒီးမော့ဆိုမှာ တိုက်ပွဲ ပြင်းထန်နေတယ် “ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက People’s Springသို့ ပြောသည်။

ယခုလ ၇ ရက်ကစ၍လည်း ရှားတောမြို့အ တွင်း ထိတွေ့မှု လေးကြိမ်ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီ တပ်သား ခုနစ်ဦးနှင့်အထက်သေဆုံးကြောင်း တပ်ရင်း – ၁၇က ထုတ်ပြန်ထားသည်။

ကရင်နီဒေသတွင်း စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော် – ရှားတော လမ်းမကြီး တစ်လျှောက် ပြည်သူများဖြတ်သန်းသွားလာခွင့်ကို တားမြစ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။